"ဟယ်လို"တိတ်ဆိတ် ငြိမ်သက်နေတဲ့ အိပ်ခန်းထဲတွင်ထိုဖုန်းပြောသံမှာဟိန်းထွက်နေသည်
"ကြယ်စင်ထွဋ်ခေါင်"
"အင်း"
ထွဋ်ခေါင် တစ်ဖက်ကခေါ်သည်ကို အသက်မဲ့စွာထူးလိုက်သည်
"မင်း ဘယ်ချိန်ထိအာခံနေမှာလဲ ဟမ်"
ထွဋ်ခေါင် တစ်ဖက်လူ ပြောတဲ့စကားကြောင့် ရီလိုက်သည်
"သေတဲ့အထိ"
သူစကားကို တစ်ဖက်လူက ဒေါသကြီးစွာထပ်ဆိုလာသည်
"မင်း အိမ်ရဲ့စည်းကမ်းချက်တွေ နားမလည်တာလားဟမ်"
"ဘာစည်းကမ်းချက်မှာလဲ အိုး အသက်နှစ်ဆယ်တစ်ပြည့်ရင် ပေးစားတဲ့သူနဲ့ယူရမယ်ဆိုတဲ့စည်းကမ်းချက်များလား"
"ကြယ်စင်ထွဋ်ခေါင် မင်းတို့ညီအကိုတွေကဒီလိုပုံစုံတွေဘဲလာတာဘဲ"
ထွဋ်ခေါင် ထိုစကားကြောင့် သူလက်သီးစုပ်လိုက်သည်
"ခများမှာ ကျုပ်တို့ကို ဝေဖန်နိုင်တဲ့အရေအချင်းမရှိဘူး အဟက် တရားဝင်အဖွားဖြစ်သူတောင် သေဆုံးတဲ့အထိကျုပ်တို့ကိုမထိန်းချုပ်နိုင်ခဲ့တာ ခများလို အငယ်နှောင်းအဖွားက ကျုပ်တို့ကို ထိန်းချုပ်ချင်တာလား"
"ကြယ်စင်ထွဋ်ခေါင် မင်းရိုင်းစိုင်းလှကြီလား"
"အဟက် ကျုပ်ရိုင်းတာ အခုမှလားဆိုတာခများပြန်စဥ်းစားကြည့်ပါ အသက်ကြီးလာလို့နေမယ် သိပ်စဥ်းစားဥာဏ်မဲ့လိုက်တာ"
ထွဋ်ခေါင် တစ်ဖက်လူကို အနိုင်ပြောပြီး ဖုန်းချလိုက်ပြီး ကဒ်ထုပ်ပြီး နောက်တစ်ခုထည့်လိုက်သည် ထိုနောက်သူ ကုတင်ဘေးက ခုံနားသွားလိုက်ပြီးအံဆွဲထဲမှ ပုံတစ်ပုံကိုထုပ်ပြီး ဝေဝါးစွာရေရွတ်လိုက်သည်
"အကိုနေသာ အကိုဂျိုး ကျွန်တော် အကိုတို့ကိုလွမ်းတယ်"
အမှောင်ထုဘဲရှိတဲ့အခန်းရယ် ပုံတစ်ပုံကိုပိုက်ပြီးတိတ်ဆိတ်စွာကြည့်နေ့တဲ့လူငယ်ရယ်ကြောင့် လေထုသည်ကျောချမ်းစရာကောင်းလှသည်
"ဟိတ်ရောင့်သူရိန်"
ဖြိုးဝေ တစ်ယောက်ထဲထိုင်ပြီးငေးငိုင်နေသော သူရိန်ပုံခုန်းကိုင်ပြီးခေါ်လိုက်သည်
သူရိန် ဖြိုးဝေ ခေါ်သံကြောင့်သူ့အတွေးများဖြတ်တောက်သွားသည်
"ဘာပြောမလို့လဲ "
"မင်းဟာလဲ နည်းနည်းပါးပါးလေး စကားဝင်ပြောပါအုံး"
"sorry ငါအတွေးများနေလို့"
မင်းဥာဏ်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်
"သူရိန် မင်း ကြယ်စင်ထွဋ်ခေါင်ကို ကြိုက်မိနေပြီလား"
မင်းဥာဏ် စကားကြောင့်သူရိန်သူ့ကိုလှည့်ကြည့်လိုက်ပြီး အပြင်ပြန်ကြည့်လိုက်သည်
မင်းဥာဏ်တို့ သူရိန် ခံစားချက်ကိုနားမလည်ပြင်မဲ့ ဒီကောင် ထိုလူကို တော်တော်စွဲလမ်းနေသည်ကို သူတို့သတိထားမိသည် ဦးပမာ ဟိုတစ်နေ့က ဖြစ်သွားတဲ့ ကိစ္စကြောင့် သူနဲ့စိမ်းလဲ့နွယ်ကို ထိုလူအထင်လွဲမှာကိုစိုးရိမ်နေတာမျိုး
"ငါဘာလုပ်ရမလဲ ငါ သူကိုမချစ်မိအောင်ဘယ်လိုမှမထိန်းနိုင်ခဲ့ဘူး "
"မင်းကလဲ ငါတို့ကူညီမှာပေါ့ စိတ်ဓာတ်မကျစမ်းပါနဲ့ "
"အတန်းသွားတက်ရအောင်"
သူရိန် စားပွဲဝိုင်းမှထလိုက်ပြီး အတန်းတက်ရန်ထွက်သွားတော့သည်
မင်းဥာဏ်တို့ သူရိန် နောက်ကိုထလိုက်ကြပြီး မင်းဥာဏ် စိုင်း အားဒီကိစ္စအကူညီတောင်းရန်စဥ်းစိုက်သည်
ဒီအပိုင်းတိုမယ်နော်<3
________________________________May Facebook Page Lay's par
ROSE May RMP Official
BẠN ĐANG ĐỌC
Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)
Hành độngအချိန်တွေဘယ်လောက်ကြာကြာ နှစ်တွေဘယ်လောက်ပြောင်းပြောင်း မောင့်အချစ်ကို မောင်ကစောင့်နေမှာမို့ သေချာပေါက် မောင်ဆီကိုပြန်လာပေးပါ မောင့်အချစ် စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်သည် May🌻