အပိုင်(17)

5 1 0
                                    


အချိန်အားဖြင့်တစ်ပတ်ကြာခဲ့ပြီဖြစ်ရာ ကျောင်း၏ပိတ်ရက်ရှည် စားမေးပွဲနောက်ဆုံးဘာသာဖြေဆိုပြီးခဲ့ပြီဖြစ်သည်မို့ အဆောင်နေကျောင်းသားများက ကိုယ်ဇာတိပြန်ကြသည့်အတွက် ကျောင်းနှင့်အဆောင်များမှာတိတ်ဆိတ်ပြီး အထီးကျန်ဆန်လှသည်

"ဟိတ်ရောင် ငဖြိုး မင်းလိုက်သွားမှာသေချာ"
သီဟ ဖြိုးဝေကို စိုင်းတို့ကားနဲ့လာခေါ်မှာစောင့်နေရင်းမေးလိုက်သည်

"အော် ဒီနွားကလဲလိုက်သွားမှာသေချာလို့အဝတ်စားတွေထည့်ပြီးပြီဘဲကို" ဖြိုးဝေ ကားစောင့်ရင်း သီဟ အမေးကိုဖြေလိုက်သည်

တကယ်တော့ မင်းဥာဏ် ငဖြိုး မိမိတို့မပါဘဲဒီလိုသွားသည်အားမကြိုက်ပေ ငယ်ပေါင်းတွေဖြစ်ခဲ့ကြသည်မို့ တစ်ယောက်အဝေးကိုသွားရရင်အကုန်လုံးလိုက်သည်မို့ ငဖြိုးအားမသွားစေချင်

"ငဖြိုး မင်းငါတို့နဲ့ရန်ကုန်လိုက်ပါလား ရန်ကုန်မှာဆိုမြတ်နိုးတို့ရောဆိုတော့ လူများတယ်လေ ပိုပျော်စရာကောင်းတယ်"သူရိန် ဖြိုးဝေအားထက်မဲဆွယ်လိုက်သည်

"မလိုက်ပါဘူးဆိုနေကွာ စိုင်းတို့နဲ့လိုက်မှာသေချာလို့ အဝတ်စားတွေထည့်ပြီးကားစောင့်နေပြီးဘဲ" ဖြိုးဝေ နွားလေးကောင်အား မကြည်အကြည့်ကြည့်လိုက်သည် သူလိုက်မှာဆိုတုန်းကလဲမထားကြ အဝတ်စားတွေထည့်တုန်းကလဲ သူတို့ဘဲကူထည့်ပေးပြီး ကားလာချိန်နီးမှ ဘာတွေထဖောက်ကြတာလဲမသိဘူး

ဖြိုးဝေအား မင်းဥာဏ် ပြန်လည်ပြောမို့အချိန်တွင် ကားတစ်စီးသူတို့ရှေ့ထိုးရပ်လိုက်လာသည် ထိုကားသည် တစ်ခြားကားမဟုတ်ပေ ဖြိုးဝေအားလာခေါ်သည့် စိုင်း တို့ကားဖြစ်သည်

"ဖြိုးဝေ စောင့်ရတာကြာသွားလား" စိုင်းကားပေါမှဆင်းဆင်းချင်း ဖြိုးဝေအားမေးလိုက်သည်

"ဟမ် အင်းမကြာသေးပါဘူး ဒါနဲ့ ကားက စိုင်မောင်းလာတာလား ထွဋ်ခေါင်ရောမပါဘူးလား" ကားပေါ်ကဆင်းလာစိုင်းအား
ဖြိုးဝေကြောင်အစွာရပ်ကြည့်မိသည်

မင်းဥာဏ်တို့ သူငယ်ချင်းငါး​ယောက် စိုင်း ကားမောင်းတက်မှန်းမသိပါ စိုင်းကို
ထွဋ်ခေါင်က ကျောင်းအားသူ့ကားနှင့်အပို့အကြိုလုပ်သည်မို့ စိုင်းကားမောင်းအားသူတို့မမြင်ဘူးပါ

Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)Tempat cerita menjadi hidup. Temukan sekarang