အပိုင်(5)

20 1 0
                                    


"ဟယ်လို ဟိန်းထက်ပြော"

"အေး မင်းဉာဏ် ငဖြိုးနဲ့အဆက်သွယ်ရလားငါဖုန်းဆက်မရလို"

"မရဘူး အဲကောင်ငါဖုန်းကိုမကိုင်ဘူး"

ထိုနေ့ကပြသာနာတက်ပြီးနောက်ပိုင်း ငဖြိုးသူတို့လေးယောက်အားအဆက်သွယ်ဖြတ်ထားတာဒီနေ့နဲ့ဆိုတစ်ပတ်ရှိပြီသာဖြစ်တယ်ခါတိုင်းဆို ရန်ဖြစ်ရင်နှစ်ရက်လောက်နေရင် အရင်လိုပြန်ဖြစ်လာကြသည် အခုကိစ်စကြောင့်ငဖြိုးက သူတို့အားအဆက်သွယ်ဖြတ်ထားတာမို့လို့ သူ့တို့အားလုံးစိတ်ပူမိသည် ဟိန်းထက်ရဲ့ ခံစားချက်ကိုထိုးသကောင့်သားလေးလွဲပြီးသူ့တို့အားလုံးသိသည်

"နွားသုံးကောင်ဆောဆောစီးစီးငါအိမ်ကိုဘာလာလုပ်ကြတာလဲ"

"မေးစရာရှိတယ် "

"ဘာမေးမှာလဲ"

"ငဖြိုးဆီကအဆက်သွယ်ရလား"

"မရဘူး ငါမေးမလိုဘဲ ဒီကောင်ငါဖုန်းမကိုင်ဘူး *အေးငါဖုန်းဆက်တော့ စက်ပိတ်ထားတယ်တဲ့ အဲကောင်အဲ့နေ့ပြီးကနဲကမတွေ့ဘူး ငါတို့ကိုအဆက်သွယ်လဲမလုပ်ဘူး သူအိမ်လိုက်သွားကြည့်ကြမလား"

"ငါအမှားပါကွာ အဲနေ့ကငါဒေါသတွေသာထိန်းနိုင်ခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူး"

"မင်းအမှားကြည့်လဲမဟုတ်ပါဘူးကွာ သိပ်မခံစားပါနဲ့အခုငါတို့သူ့အိမ်သွားကြည့်ကြမယ်"

"ဟေ့ရောင်တွေအခုသွားလို့မရသေးဘူးကွ ငါဟိုဘက်ခြံက မွေးနေ့ပွဲကိုသွားရအုံးမှာ မင်းတို့လဲလိုက်ခဲ့"

"ငါတို့ကဘာလိုလိုက်ရမှာငါတိုဖိတ်တာမှမဟုတ်တာ"

"အေးလေ မင်းဘာသာသွားငါတို့လဲငဖြိုးအိမ်သွားလိုက်မယ်လေ"

"လာစမ်းပါ ကွာ မင်းတို့ကလဲ"သီဟသူ့သူငယ်ချင်းတွေဆွဲခေါ်လာရင်းအိမ်ရှေ့က
ဘဲ(လ်)အားနှိပ်လိုက်

"တင်း တောင်* ကြည်ပြာလူလာနေပြီထင်တယ်တံခါးဖွင့်ပေးလိုက်အုံး"မြတ်နိုးပန်းကန်တွေချရင်းအဝတ်စားလဲနေသောမိမိအမွှာညီမကြည်ပြာအားပြောလိုက်သည်
"အာ မမမြတ်နိုးကလဲ မမနဲ့နီးနီးလေးကိုမမဖွင့်ပေးလိုက်တော့ဘာဖြစ်မှာလဲ ကြည်ပြာ ဒီမှာမအားဘူး"

Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)Nơi câu chuyện tồn tại. Hãy khám phá bây giờ