"ဆွန်းဂွမ် တက္ကသိုလ်ပထမဆုံးနေ့မှာ စောစောထရမယ်လေ။ ဆွန်းယောင်းလေးတောင် ရောက်နေပြီ။"
အိပ်ရာပေါ်မှာ နိုးတာကို မထပဲ ဂျီကျနေသည့် လူကြီးပေါက်စဆွန်းဂွမ်အား သူ၏အမေမှ လာနှိုးသည်။ တက္ကသိုလ် ပထမဆုံးရက်ဖြစ်တာကြောင့် စောစောထရန် အတန်တန်သတိပေးခဲ့သော်လည်း ဆွန်းဂွမ်သည် ပြန်မပြော နားမထောင်ပင်။ လူကိုပါ ဆွဲထူကာ နှိုးကာမှ ထလာသည်။
"သွားနှင့်ခိုင်းလိုက်ပါ။"
"ဟင်"
အိပ်ရာမှ ထလာလာချင်း ရေချိုးခန်းထဲ ဝင်ကာ ပြောသည့်စကားသည် အစမရှိအဆုံးမရှိ။
"ဆွန်းယောင်းကို သူ့ဘာသူ သွားခိုင်းလိုက်ပါ။ သူနဲ့အတူ မသွားချင်ဘူး။"
"ဟိုက အစောကြီး ပြင်ဆင်ပြီးရဲ့သားနဲ့ အချိန်ကုန်ခံ စောင့်နေတာကို။ သွားနှင့်ခိုင်းလို့ ကောင်းမလား။ ပြီးတော့ အတူသွားပေးဖို့ အမေကိုယ်တိုင် တောင်းဆိုထားတာလေ။"
စကားဆုံးတော့ ရေချိုးခန်းထဲတွင် သွားတိုက်နေရာမှ တကူးတက မျက်စောင်းလာထိုးသည်။ ဂျီယွန်းလည်း သူ့သား၏အပြုမူကို ကြည့်ပြီးရယ်ကာ အခန်းထဲမှ ထွက်သွားသည်။ သူ၏ သားကိုအိပ်ရာမှ ထရန် နှိုးရမည့် တာဝန်က ပြီးသွားပြီလေ။
ဆွန်းဂွမ် သူ့အမေ အခန်းထဲမှ ထွက်သွားတော့ ရေချိုးခန်းတံခါးကို ပိတ်ကာ ရေချိုးလိုက်သည်။ နောက်တော့ ပြင်ဆင်ပြီး အိမ်အောက်ထပ်သို့ ဆင်းလာစဥ် ဧည့်ခန်းထဲမှာ တွေ့လိုက်ရသည့် ဆွန်းယောင်းအား မကြည်ကြည့် ကြည့်ကာ ထမင်းစားခန်းထဲသို့ ဝင်လိုက်သည်။ အဆင်သင့် ပြင်ထားသည့် မနက်စာအား စားနေရင်း ဧည့်ခန်းထဲမှ ရယ်သံတွေကို အတိုင်းသား ကြားနေရသောကြောင့် များများတောင် စားမဝင်တော့။
ဆွန်းဂွမ် မနက်စာကို တို့စိစိပဲ စားကာ ဧည့်ခန်းထဲသို့ ဝင်လာသည်ကို တွေ့တော့ ဆွန်းယောင်းက တစ်ချက်သာကြည့်လာသည်။ ဆွန်းဂွမ်ကတော့ ဘာသိဘာသာပင်။
"ဆွန်းဂွမ် စားပြီးပြီဆို သွားကြတော့လေ။ ဆွန်းယောင်းလေး အမေ့သားလေးကို အပ်ပါတယ်နော်။ တက္ကသိုလ်မှာ သူသိတာ ဆွန်းယောင်းလေးပဲ ရှိမှာ။"
YOU ARE READING
Enemies To Lovers
Fanfiction"မင်းဘဝမှာ အမုန်းဆုံးလူက ဘယ်သူလဲ။" "ဂွမ်ဆွန်းယောင်း မင်းပဲလေ။" Seventeen SoonBoo Fanfic Myanmar