(6)

153 25 10
                                    

သူတို့ ဘူဆန်မှ ဆိုးလ်သို့ ပြန်လာနေကြပြီပင်။ ကားထဲတွင် အလာကနှင့်ကွာခြားစွာ တိတ်ဆိတ်နေသည်။ ခရီးပန်း၍ အိပ်ပျော်နေသည့်သူတွေက တစ်ဖွဲ့ နားကြပ်ကိုယ်စီနှင့် သီချင်းနားထောင်ပြီး ရှုခင်းကြည့်နေကြသူတွေက တစ်ဖွဲ့။ ဆွန်းဂွမ်ကတော့ သီချင်းအေးအေးလေး တစ်ပုဒ်ကို နားထောင်ရင်း ကြည်လင်နေသော ကောင်းကင်အား ကြည့်နေလေသည်။

သူဟိုနေ့ညက အကြောင်းကို ပြန်တွေးနေမိသည်။ သူ့နှုတ်ခမ်းနှင့် ဆွန်းယောင်းနှုတ်ခမ်း၏ ထိကပ်သွားမှု။ ရည်းစားတစ်ခါမှ မထားဖူးသည့် သူ့အတွက် ဒါဟာ ပထမဆုံးအနမ်းပင်။ ထိကပ်ရုံပဲ အနမ်းလို့တောင်
မသတ်မှတ်သင့်ဘူးဟု အတင်းတွေးနေသော်လည်း အဲဒီလို ထိကပ်ရုံကိုတောင် ဆွန်းယောင်းနှင့်မှ ပထမဆုံးဆိုသည့် အတွေးက ဝင်လာသည်။ သူ၏ ရန်ဘက်နှင့် သူ၏ထမဆုံးအနမ်းက စတင်ခဲ့သည်ဆိုသည့်အတွေးက သူ့အား မွန်းကြပ်စေသည်။ အခုန်မြန်လာသောရင်ကို ခပ်ဖွဖွဖိပြီး သက်ပြင်းချကာ ကျယ်နေသည့် မျက်လုံးတွေအား ကြိုးစား၍ မှိတ်မိသည်။ သူစိတ်တိုနေတာများလား။
___

"အိုက်စ်အမေရိကာနို ရပါပြီဗျ။"

"ကျေးဇူးတင်ပါတယ်ဗျ။"

ခပ်နောက်နောက်ပြောလာသည့် မင်ဂယူ၏ စကားအား ဆွန်းဂွမ်က ပြန်နောက်လိုက်သည်ကြောင့် မင်ဂယူက ရယ်သည်။ ဆွန်းဂွမ်လည်း သူကိုယ်တိုင်ပြောပြီး ခပ်တိုးတိုးရယ်နေမိသည်။

နှစ်လကြာပြီဖြစ်သည်။ ဘူဆန်ကပြန်လာတာ နှစ်လပင်ကြာသွားခဲ့ပြီ။ ဒီကြားထဲ ဆွန်းယောင်းနှင့်ဆွန်းဂွမ်တို့ အမြဲတွေ့နေရသော်လည်း စကားတစ်ခွန်းတောင် မပြောဖြစ်ပါ။ ဆွန်းယောင်းက ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက်ထားကာ အလုပ်ရှုပ်နေပြီး ဆွန်းဂွမ်က စာကိုသာ အာရုံစိုက်ထားကာ သူငယ်ချင်းအသစ်တစ်ယောက်လည်း ထပ်ရခဲ့သည်။ အခု သူ၏ရှေ့တွင်ရှိနေသည့် နောက်ဆုံးအတန်းတူသည့် မင်ဂယူပင်။ မင်ဂယူနှင့် အချင်းချင်း အတန်းထဲမှာ မျက်မှန်းတန်းမိထားကြပြီး စာကြည့်တိုက်မှာ ဆုံကြသောကြောင့် သူကလာ မိတ်ဆက်ခဲ့၍ အတူစာလေ့လာကြကာ ရင်းနှီးသွားကြခြင်းပင်။

Enemies To LoversWhere stories live. Discover now