(13)

168 24 25
                                    

"အစ်ကိုဆွန်းဂွမ် ကျွန်တော်တို့ ဒီနေ့ အပြင်သွားလည်မှာကို ဖျက်ကြမလား။ မနေ့က အများကြီးသောက်မိသွားတယ်။"

"အော ရတယ်လေ။ အိမ်မှာပဲ နေကြတာပေါ့။"

အိပ်ရာမှ ထလာပြီး သန်းဝေကာပြောလိုက်သည့် အီချန်းစကားအား ရေချိုးပြီး၍ အဝတ်စားဝတ်နေသော ဆွန်းဂွမ်က လက်ခံကြောင်း ပြောလိုက်၏။ ဆွန်းယောင်းကတော့ မနက်စောစော ကိုယ့်အိမ်ကိုယ် ပြန်ပြီး သူ၏ သူငယ်ချင်းတွေ အလည်လာမည်ဖြစ်သောကြောင့် စားသောက်ရန် ပြင်နေလေသည်။

"အစ်ကိုဆွန်းယောင်းရော။"

"သူ့အိမ်သူ ပြန်သွားတယ်။"

"ဟင် သူ့မှာအိမ်ရှိသေးတာလား။"

အီချန်း၏ ခပ်နောက်နောက်စကားအား ဆွန်းဂွမ်ရယ်တော့ သူကပါ လိုက်ရယ်၏။ တကယ်လည်း အကြောင်းမသိသောသူများဆိုလျှင် ဆွန်းယောင်းကို အိမ်ရာမဲ့ဟု ထင်ကြနိုင်သည်ပင်။

"သြော် ရေချိုးပြီး ဆင်းလာခဲ့နော်။ အမေက အပြင်မသွားခင် အမူးပြေဟင်းရည် လုပ်ထားပေးတယ်တဲ့။"

"ဟုတ်ကဲ့ပါဗျ။"

ရေချိုးရန် ပြင်ဆင်နေသော အီချန်းအား ဆွန်းဂွမ်က အောက်ထပ်သို့ မဆင်းခင် လှမ်းပြောလေသည်။

ခဏအကြာ ရေချိုးပြီး အဝတ်စားဝတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့တော့ ပုံမှန်လို နေသားကျနေရပြီဖြစ်သော ဆွန်းယောင်းနှင့်ဆွန်းဂွမ်တို့၏ ငြင်းခုံသံတို့အား ကြားရပြန်၏။

"မင်းသူငယ်ချင်းတွေနဲ့ ငါမနေပါဘူးဆို။"

"ဆွန်းဂွမ်ကလည်း အရင်က သေချာမိတ်မဆက်ပေးရသေးဘူးလေကွာ။"

"မိတ်ဆက်ဖို့ လိုမှမလိုတာ။"

ဆွန်းဂွမ် မနက်စာစားနေစဥ် အိမ်ပြန်သွားသောဆွန်းယောင်းက ရောက်ချလာကာ သူ၏ သူငယ်ချင်းတွေနှင့် လိုက်တွေ့ရန် ပြောနေသောကြောင့် နားမလည်နိုင်စွာ ငြင်းနေတာဖြစ်သည်။

"အာ အီချန်း လာလေ။ ရေချိုးပြီးတော့ လန်းသွားပြီမလား။"

ဆွန်းဂွမ်အား ပြန်ချေပရန် စကားရှာနေသော ဆွန်းယောင်းအကြောင်းကို သိ၍ သူမပြောခင် ထမင်းစားခန်းရှေ့က အီချန်းအား လှမ်းပြောလိုက်၏။ နောက်တော့လည်း အမူးပြေဟင်းရည်သောက်နေသော အီချန်းကိုပဲ ဂရုစိုက်ပေးနေပြီး ဆွန်းယောင်းအား အကြည့်ချင်းမစုံအောင် ကြိုးစားနေလေသည်။

Enemies To LoversWhere stories live. Discover now