"ဂွမ်ဆွန်းယောင်း မင်းပဲလေ။"
"..."
"အာ.. အစ်ကိုဆွန်းဂွမ်ကတော့ အမြဲနောက်နေတော့တာပဲ။ ဆက်ဆော့ကြမယ်လေ။"
နေရခက်သည့် အခြေနေတိုင်းမှာ ဟန်လုပ်ရယ်ကာ ပြန်ဖြန်ဖြေနေရသည်ကြောင့် ယောင်းဟွန်းတစ်ယောက် ငိုချင်လာသည်။
"သြော် အင်းအင်း ဆက်ဆော့ကြတာပေါ့။"
ဆွန်းယောင်းဘက်သို့ ခပ်မဲ့မဲ့ ပြုံးပြလိုက်ကာ ပြောလိုက်ပြီး ကစားပွဲကို ပြန်ဆက်လိုက်သည်။ ဆွန်းယောင်းကတော့ ဆိုဂျူကိုသာ မဲ၍သောက်နေသည်ကြောင့် သူများတွေထက် ပို၍ ရီဝေနေလေပြီ။ အနည်းငယ်သောက်လိုက် ရယ်ကာစကားပြောလိုက် လုပ်နေသည့် ဆွန်းဂွမ်ကို ကြည့်ကာ လက်သီးတွေအား တင်းတင်းဆုပ်ထားသည်ကို ဂျီဟွန်းကမြင်တော့ သွားနားရန် ပြောလေသည်။ ဆွန်းယောင်းလည်း ဒီဝိုင်းတွင် ဆက်မထိုင်ချင်တော့တာကြောင့် ထထွက်လာခဲ့သည်။ အိပ်ခန်းထဲကိုတော့မဟုတ်။ လေတဖြူးဖြူး တိုက်နေသည့် ပင်လယ်ဘက်ကိုပင်။
'ဂွမ်ဆွန်းယောင်း မင်းပဲလေ။
ဂွမ်ဆွန်းယောင်း မင်းပဲလေ။
ဂွမ်ဆွန်းယောင်း မင်းပဲလေ။'နားထဲတွင် ထပ်ခါထပ်ခါ ကြားယောင်နေရသည့် ဆွန်းဂွမ်၏ စကား။ ရင်ဘတ်ထဲတွင် မွန်းကြပ်ပြီး တဆစ်ဆစ်ဖြစ်နေသည့် ခံစားချက်ဟာ ဘာလဲဆိုတာ သူမသိ။ မေးလိုက်မိသော သူ့ကိုယ်သူပဲ အပြစ်တင်ရမလား။ မဆိုင်းမတွ ဖြေလိုက်သော ဆွန်းဂွမ်ကိုပဲ အပြစ်တင်ရမလား။ အဖြေကို သိပါရက်နှင့် မေးလိုက်သည့် သူကသာ အပြစ်ရှိသည်မလား။ ဒါပေမဲ့ ဆွန်းဂွမ်ကရော။ ဘယ်လောက်ပဲ မုန်းနေပါစေ။ သူ့သူငယ်ချင်းတွေရှေ့ သူ့အတွက် သူစိမ်းသာသာလူတွေရှေ့မှာ နာမည်တပ်ပြီး တည့်တိုး ပြောသည်ကလည်း မှန်မနေဘူးမလား။
တွေးရင်းတွေးရင်း ရင်ဘတ်ထဲက ပို၍ နာလာသယောင်။ နောက်တော့ ဆွန်းဂွမ်နှင့် နမ်းလိုက်မိသည်ကို ပြန်တွေးမိတော့ သူ့နှုတ်ခမ်းတွေ ကွေးတက်သွားသည်ကို သူကိုယ်တိုင်ပင် သတိမထားမိလိုက်။ ခဏလေးအတွင်း ထိတွေ့လိုက်ရသည့် နှုတ်ခမ်းအိအိလေးက
ဂျယ်လီတုံးလေးလိုပင်။ မဟုတ်ဘူး။ အဲဒီထက်ပိုအိသည်။ ဘာနှင့်တူသလဲ သူမသိပါ။ သေချာတာတော့ သူနမ်းဖူးသည့် တခြားနှုတ်ခမ်းတွေနှင့် လုံးဝမတူပင်။ သူနှင့်တွေ့တိုင်း အမြဲ မသိမသာရော သိသိသာသာပါ စူထော်နေတတ်သည့် နှုတ်ခမ်းလေးက အဲသည်လောက် အိမှန်း မသိခဲ့ပေ။
YOU ARE READING
Enemies To Lovers
Fanfic"မင်းဘဝမှာ အမုန်းဆုံးလူက ဘယ်သူလဲ။" "ဂွမ်ဆွန်းယောင်း မင်းပဲလေ။" Seventeen SoonBoo Fanfic Myanmar