"ရုပ်ရှင်သွားကြည့်မယ်လို့။"
"ငါအပြင်သွားရတာ သိပ်မကြိုက်ပါဘူးဆို။"
အမေက မနက်စောစော သွားစရာရှိ၍ မနက်စာမလုပ်ပေးခဲ့သည်ကြောင့် ဆွန်းဂွမ်က မနက်စာအတွက် ပြင်ဆင်နေချိန် ဆွန်းယောင်းက တကောက်ကောက်လိုက်ကာ ပူဆာနေသောကြောင့် ငြင်းနေခြင်းဖြစ်သည်ပင်။
"အိမ်မှာပဲ နေရတာ ပျင်းစရာမကောင်းဘူးလား။"
"မကောင်းပါဘူး။ အိမ်မှာ လုပ်စရာတွေ အများကြီးရှိနေတာပဲ။ ရုပ်ရှင်ကြည့်ချင်ရင်လည်း Tvမရှိတာမဟုတ်။"
"မတူဘူးလေ။ ရုပ်ရှင်ကြည့်တယ်ဆိုတာက..."
"အဲတာဆို မင်းဘာသာမင်းသွားလိုက်။"
ဆွန်းဂွမ်လေသံမာမာနှင့် ပြောလာသည်ကြောင့် ဆွန်းယောင်း ပါးစပ်ပိတ်သွားရကာ ခေါင်းထဲမှာလည်း အချက်ပေးသံများ ဆူညံသွားရသည်။ တွဲတာ ကြာလာလေ ဆွန်းဂွမ်က စိတ်ကောက်လွယ်လာလေ ဖြစ်နေသည်ကို ဆွန်းယောင်းသိ၏။ နည်းနည်းလေးတောင် သူနှင့် ငြင်းလို့မရ။ သူ့စကားအား တစ်ခွန်းနှင့် နားမထောင်လျှင် တန်း၍ ကောက်လေသည်။
အခုလည်း ဆွန်းယောင်းအတွက် ကင်ထားသည့် ပေါင်မုန့်အား ယိုမသုတ်တော့ပဲ ဆွန်းယောင်းလက်ထဲ ထားခဲ့၍ သူ့ပေါင်မုန့်သူယူပြီး ကိုယ်တိုင်ဖျော်ထားသော အမေရိကာနိုအား သယ်ကာ ဧည့်ခန်းထဲ ခြေလှမ်းကျဲများနှင့် ထွက်သွား၏။ ဆွန်းယောင်းလည်း ပေါင်မုန့်အား ကိုင်လျက်ပင် ဧည့်ခန်းထဲသို့ အမြန်လိုက်သွားလေသည်။ ဧည့်ခန်းထဲရောက်တော့ တွေ့လိုက်ရသည်က ပေါင်မုန့်ကို အချပ်လိုက် အားနှင့် ကိုက်ထားပြီး Tvကို ဖွင့်ကာ စိုက်ကြည့်နေသည်။ မျက်မှောင်များကလည်း ကျုံ့နေကာ စိတ်ဆိုးနေသည်မှာ သိသာ၏။ စိတ်ဆိုးနေတာ သိသော်လည်း ပေါင်မုန့်ကို ကိုက်ထားရ၍ ဖောင်းနေသော ပါးလေးကို မြင်ရတော့ ဆွန်းယောင်း တစ်ချက် ပြုံးလိုက်မိပါသေးသည်။
"ဂွမ်နီး"
အနားသွားကာ ချိုချိုသာသာခေါ်လိုက်သော်လည်း မကြားသလိုသာ။
"ကိုယ့်ကို စိတ်ကောက်သွားတာလား။"
"..."
"မသွားချင်ဘူးဆိုလည်း မသွားတော့ဘူးလေနော်။ စကားမပြောပဲတော့ မနေပါနဲ့။ ဟင် ကိုယ့်ကို ကြည့်ပါဦး။"

YOU ARE READING
Enemies To Lovers
Fanfiction"မင်းဘဝမှာ အမုန်းဆုံးလူက ဘယ်သူလဲ။" "ဂွမ်ဆွန်းယောင်း မင်းပဲလေ။" Seventeen SoonBoo Fanfic Myanmar