"နိုးပြီလား။"
"အွန်း"
အိပ်ရာပေါ်တွင် မျက်လုံးမှိတ်လျက် ဘာကိုရှာမှန်းမသိ ရှာနေသောသူကို ဆွန်းဂွမ်လှမ်းမေးလိုက်တော့ မျက်လုံးအသာဖွင့်ကာ လေသံတိုးတိုးနှင့် ဖြေသည်။
"ထပြီး ပြင်ဆင်တော့ တက္ကသိုလ်မသွားတော့ဘူးလား။"
"အင်းပါ။"
"ထတော့လို့။"
အင်းပါဟု ဖြေနေသော်လည်း မျက်လုံးပြန်မှိတ်ကာ ပြန်အိပ်မည် လုပ်နေသောကြောင့် ဆွန်းဂွမ်ပြင်ဆင်နေစဥ်မှ အနားသွားကာ တစ်ကိုယ်လုံးကို ဆွဲထူနေရသည်။ သူဝဋ်ပြန်လည်နေတာဖြစ်မည်။
"ထပြီ။ ထပြီ။"
ဆွဲထူပြီးနှိုးမှ မထချင်ထချင်နှင့် ထကာ ရေချိုးခန်းထဲ ဝင်သွားသည်ပင်။ မဝင်ခင် စကားတစ်ခွန်းလည်း ပြောသွားပါသေးသည်။
"မင်းက မွှေးတယ် Boo"
ရေချိုးပြီး ထွက်လာတော့ အဝတ်စားရွေးပေးထားသည်အား မဝတ်ပဲ သူ့ကိုယ်တိုင်ရွေးမည်ဆိုသောကြောင့် မနက်စာမစားဆင်းမစားနိုင်ပဲ ဆွန်းဂွမ်ထိုင်စောင့်နေရသည်။ အတော်ကြာတော့ ရွေးလိုက်သည်က မင်ဂယူလက်ဆောင်ပေးထားသော Shirtလေးတစ်ထည်။
"ဟေ့ကောင် ဒါတော့မရဘူး။"
"ငါလည်း ဒါပဲဝတ်ချင်တာ။ မရဘူးဆိုရင် အမေ့ကို သွားပြောရမှာပဲ။"
"တော်တော့။ ဝတ်ချင်ရင်လည်း ဝတ်လိုက်တော့။ မင်းတမင် အဲတာကို ရှာနေတာမလား။"
"ဘယ်လိုထင်လဲ။"
ဆွန်းဂွမ်အမေးအား မဖြေပဲ အမြင်ကပ်စရာကောင်းအောင် မေးလာသည်ကြောင့် စိတ်လေသည့်ပုံနှင့် တစ်ချက်ဆဲလိုက်မိသည်။ အဲဒီShirtလေးကို မင်ဂယူလက်ဆောင်ပေးသည့်နေ့က IGမှာ တင်လိုက်သည်ကို မြင်သွားသောကြောင့် ဝတ်ရန်တမင်ရှာနေတာဖြစ်မည်။ တကယ်ကို ဂွမ်ဆွန်းယောင်းက အကျင့်မကောင်းသည့်ကောင်ပင်။
___"အာ မင်ဂယူ စောင့်နေတာပဲ။"
"ဆွန်းဂွမ် မင်းအင်္ကျီလေးက မွှေးနေတာပဲ။ နောက်လည်း မင်းအဝတ်တွေ ယူဝတ်ရမယ်။"
YOU ARE READING
Enemies To Lovers
Fanfiction"မင်းဘဝမှာ အမုန်းဆုံးလူက ဘယ်သူလဲ။" "ဂွမ်ဆွန်းယောင်း မင်းပဲလေ။" Seventeen SoonBoo Fanfic Myanmar