"ငါတို့ လမ်းခွဲကြရအောင်။"
ရှုပ်ထွေးနေသော အခြေနေတွင် မင်ဂယူ၏ နားထဲသို့ တည်တည်ငြိမ်ငြိမ် ဝင်ရောက်လာသောအသံ။ ဘာမှပြန်မပြောနိုင်ခင်မှာ ထိုသူ့လက်အား ဆွဲပြီး ထွက်သွားသော ဆွန်းဂွမ်ကို မတားနိုင်ခဲ့။ အဖြစ်ပျက်တွေက မြန်ဆန်သည်။ ဘယ်သူက မှားခဲ့တာလဲ။ မင်ဂယူကရော လမ်းခွဲစကားပြောခံရလောက်အောင်အထိ အပြစ်လုပ်ခဲ့မိတာလား။
သူတို့နှစ်ယောက်ကို ယောင်းဂျီက barအတူသွားကြရန် ခေါ်သည်ကြောင့် barကို ရောက်နေကြတာပင်။ ကိုယ့်ဝိုင်းနှင့်ကိုယ် ထိုင်နေကြစဥ် ရင်းနှီးသည့် မျက်နှာနှင့် လူတစ်ယောက်က ရောက်လာသည်ကို ကြည့်လိုက်တော့ ဆွန်းယောင်းက အတူထိုင်ချင်သည်ဟု လာပြောတာ ဖြစ်နေသည်။ မင်ဂယူက ဆွန်းယောင်းအား မကြည်သော်လည်း ဆွန်းဂွမ်က ပျင်းရိဟန်နှင့် သဘောတူလိုက်သည်ကြောင့် စောဒကမတက်တော့။
အစကတော့ အတူထိုင်တာပဲ အရမ်းအနှောက်ယှက် မဖြစ်လောက်ဘူးဟု တွေးထားသော်လည်း ဆွန်းယောင်းက မင်ဂယူ၏ အမြင်တွင် လွန်လာသည်။ ဆွန်းဂွမ်အား ရေပက်မဝင်အောင် စကားတွေပြောပြီး ပုခုံးအားဖက်လိုက် ဆံပင်အားဖွလိုက်လုပ်သည်ပင်။ ဆွန်းဂွမ်ကလည်း အနည်းငယ်သောက်ထားကာ ငြိမ်နေပြီး အလိုမကျဟန်မပြပေ။
မင်ဂယူ သည်းမခံနိုင်၍ သန့်စင်ခန်းခဏသွားပြီး ပြန်လာတော့ မြင်ရသည့် ခပ်ဝါးဝါးမြင်ကွင်းက သွေးဆူစေသည်။ ထိုမြင်ကွင်းကတော့ ဆွန်းယောင်းက ဆွန်းဂွမ်အား နမ်းနေသည့် မြင်ကွင်းပင်။ ပုံမှန်ထက် ပိုသောက်ထားသည့် အရှိန်ကြောင့် ဘာမှမတွေးပဲ အနားကိုသွားကာ ဆွန်းယောင်းအား သုံးချက်ဆင့်ထိုးလိုက်တော့ barမှ လူတွေအကုန် ဝိုင်းကြည့်ကြသည်။ ရန်ဖြစ်မည်ဟု ထင်၍ပင်။ အကုန်လုံးက ပြန်ထိုးမည်ထင်သော်လည်း ဆွန်းယောင်းက ဘာမှမတုန့်ပြန်။
မင်ဂယူထပ်ထိုးရန် ပြင်လိုက်တော့ သူ့လက်အား လာဖမ်းသည့် လက်တစ်စုံ။ ရီဝေနေသည့် မျက်ဝန်းတွေနှင့် မဟုတ်တော့ပဲ စိတ်ပျက်နေသည့် မျက်ဝန်းတွေနှင့် ဆွန်းဂွမ်က သူ့အားကြည့်ကာ ဆောင့်တွန်းလိုက်သည်ကြောင့် မင်ဂယူ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။
YOU ARE READING
Enemies To Lovers
Fanfiction"မင်းဘဝမှာ အမုန်းဆုံးလူက ဘယ်သူလဲ။" "ဂွမ်ဆွန်းယောင်း မင်းပဲလေ။" Seventeen SoonBoo Fanfic Myanmar