မင်ဂယူနှင့်ဆွန်းဂွမ် တွဲနေသည်ဆိုသော ကောလဟာလပြန့်ခဲ့တာ တစ်လရှိပြီပင်။ သူတို့နှစ်ယောက်နှင့် ယောင်းဂျီသာ မဟုတ်မှန်းသိကြပြီး တက္ကသိုလ်မှ ကျောင်းသား/သူတွေကတော့ တွဲနေသည်ဟုပဲ မှတ်ထားကြသည်။ တစ်ယောက်ကိုမှ မဖြေရှင်းခဲ့တာလည်းပါမည်။ ဒီကိစ္စနှင့် ပတ်သက်၍ ဆွန်းဂွမ်အား အမြင်မကြည်ကြသည့် သူများလည်းရှိလာကာ သူတို့နှစ်ယောက်အား လိုက်ဖက်သည်ဟု ပြောသည့်သူများလည်းရှိသည်။ ယောင်းဂျီကတောင် နှစ်ယောက်တကယ်တွဲကြပါလားဆို၍ မကြာခဏစ'နောက်လေသည်ပင်။ သူတို့ကတော့ ဘာသိဘာသာ။ မင်ဂယူကတော့ တစ်ခါတစ်ခါ ရှက်ပြုံးပြုံးကာ တုန့်ပြန်သည်ကြောင့် ဆွန်းဂွမ်နားမလည်တော့ ဖြစ်မိသည်။
"ဆွန်းဂွမ် အိုက်စ်အမေရိကာနိုရပြီ။ ပြီးတော့ ဒါလေးစား။"
ပုံမှန်အတိုင်း အိုက်စ်အမေရိကာနိုအား ယူလာပေးပြီး ချောကလတ်ကိတ်ကိုပါ ပေးသည်ကြောင့် စာကြည့်နေရင်းမှ ဆွန်းဂွမ်တစ်ချက် ပြုံးပြလိုက်သည်။ ကောလဟာလထွက်ပြီးကတည်းက ဆွန်းဂွမ်အပေါ် မင်ဂယူက ပို၍ ဂရုစိုက်လာသည်။ ဆွန်းဂွမ်ကတော့ အားနာစိတ်ကြောင့် ဂရုစိုက်ပေးသည်ထင်၍ မလိုကြောင်းပြောသော်လည်း မရသောကြောင့် လွှတ်ထားရသည်။ မင်ဂယူကပဲ ခေါင်းမာသည်လား ဆွန်းဂွမ်ကပဲ အလျှော့ပေးသည်လား ကာယကံရှင်နှစ်ယောက်ကပဲ သိမည်ပင်။
"ဆွန်းဂွမ်"
"ဟင်"
"ကိုယ့်ကိုကြည့်။"
မင်ဂယူက မေးထောက်ကာ ခေါ်လာသည်ကို ဆွန်းဂွမ်မကြည့်ပဲ ထူးလိုက်သည်ကြောင့် မင်ဂယူက သူ့အားကြည့်ရန်ပြောသည်။ ဆွန်းဂွမ်လည်း သက်ပြင်းချကာ ဘာတွေပြောဦးမလို့လဲဟူသည့် အကြည့်နှင့်ကြည့်လိုက်သည်။
"ဆွန်းဂွမ်ကို သဘောကျတယ်။ ကိုယ်တို့ တွဲကြည့်ကြမလား။"
"ယောင်းဂျီစကားတွေ ကြားပါများပြီး ရူးသွားတာလား။"
ဆွန်းဂွမ်က ခဏတော့ တွန့်သွားသော်လည်း ခပ်ဟဟရယ်ကာ ပြန်မေးသည်။
"မဟုတ်ဘူး။ ကိုယ်မင်းကို စတွေ့ကတည်းက သဘောကျတာ။ အစက ဒီတိုင်းကြည့်နေမလို့ပဲ။ နောက်ကျ ခင်တဲ့အဆင့်လောက်တော့ ရောက်ချင်လို့ ဆွန်းဂွမ်သွားနေကျ စာကြည့်တိုက်ကိုပါ စုံစမ်းပြီး ဆုံအောင်လုပ်ခဲ့ရတာ။ ဒါပေမဲ့ လောဘပိုကြီးလာတာထင်တယ်။"
YOU ARE READING
Enemies To Lovers
Fiksi Penggemar"မင်းဘဝမှာ အမုန်းဆုံးလူက ဘယ်သူလဲ။" "ဂွမ်ဆွန်းယောင်း မင်းပဲလေ။" Seventeen SoonBoo Fanfic Myanmar