"ယူရီရော။ ဒီနေ့ မတွေ့ပါလား။"
အတန်းချိန်မရှိတာကြောင့် ကန်တင်းမှာ ထိုင်နေကြစဥ် ဆွန်းဂွမ်နောက်ကို တစ်ကောက်ကောက်လိုက်နေသည့် ယူရီ့အား ယောင်းဂျီက မတွေ့သောကြောင့်မေးသည်။ တက္ကသိုလ်တက်သည့် ရက်တွေ ကြာလာလေ ယူရီက
ပိုရဲတင်းလာလေဖြစ်လာသည်။ တွေ့တိုင်း စကားတွေ ပိုပိုသာသာပြောကာ ဆွန်းဂွမ်နောက် တစ်ကောက်ကောက်လိုက်သည်။ ဆွန်းယောင်းကလည်း နေ့စဥ် ယူရီနှင့် ဝေးဝေးနေရန် ပြောနေသောကြောင့် အရှုပ်တွေမကြိုက်သော ဆွန်းဂွမ်တစ်ယောက် အဆင်မပြေတော့။"မသိဘူး။ ဒီနေ့ လုံးဝမလာတာထင်တယ်။"
"အဲတာလည်း ကောင်းတာပဲ။ မဟုတ်ရင် နင့်အနား အမြဲကပ်နေတော့ ငါနဲ့ပါ တွေ့နေရတယ်လေ။ ပုံမှန်ဆို ဘာမှမဖြစ်ပေမဲ့ သူက
ငါ့ကိုတွေ့တိုင်း မကြည်သလို ကြည့်နေတာ။"ယောင်းဂျီ၏အပြောကြောင့် ဆွန်းဂွမ်ရယ်လိုက်သည်။ ယောင်းဂျီက ပွင့်လင်းသည်။ ဆွန်းဂွမ်သိတဲ့ တခြားရွယ်တူ မိန်းကလေးတွေနှင့် မတူ။ ခင်နေသည့် တစ်လအတောတွင်း နေရခက်တာမျိုး မရှိဖူးပါ။
"သြော် ယောင်းဂျီ ပိတ်ရက်ကျ ငါ့အိမ်လာမလား။ သူငယ်ချင်းလေးကို အမေနဲ့ မိတ်ဆက်ပေးမလို့လေ။ စာလည်း အတူကြည့်ကြတာပေါ့။"
"လာခဲ့မယ်လေ။ ငါလည်း ပိတ်ရက်ကျ ဘာလုပ်ရမှန်းမသိနေတာနဲ့ အတော်ပဲ။"
___ပိတ်ရက်ဖြစ်တာကြောင့် ယောင်းဂျီက အိမ်သို့ လာလည်သည်။ ခေါ်လိုက်တာက မိတ်ဆက်ပေးရန်လည်း ပါသော်လည်း အဓိကက စာအတူကြည့်ရန်ကို မိတ်ဆက်ပြီးတာနှင့် စကားပြောကောင်းနေကြသည့် အမေနှင့် ယောင်းဂျီအား ဆွန်းဂွမ်ထိုင်သာ ကြည့်နေလိုက်သည်။ စကားစပြတ်မှာကို စောင့်ရင်း အတော်ကြာမှသာ စာကြည့်ဖြစ်ကြသည်။ အိမ်မှာက အဖေအလုပ်သွားနေတော့ အမေနှင့် သူတို့နှစ်ယောက်ပဲ ရှိသောကြောင့် ဧည့်ခန်းတွင် စာကြည့်သော်လည်း အာရုံကောင်းကောင်း စိုက်နိုင်ကြသည်ပင်။
"ဆွန်းယောင်းလေး ဟင်းလာပို့တာလား။ ပေးပေး အမေလုပ်လိုက်မယ်။ ဧည့်ခန်းမှာ ထိုင်စောင့်နေနော်။"

YOU ARE READING
Enemies To Lovers
Фанфик"မင်းဘဝမှာ အမုန်းဆုံးလူက ဘယ်သူလဲ။" "ဂွမ်ဆွန်းယောင်း မင်းပဲလေ။" Seventeen SoonBoo Fanfic Myanmar