(14)

227 30 20
                                    

အီချန်းနှင့်ဆွန်းဂွမ်၏အစ်ကို ပြန်သွားသည်မှာ တစ်ပတ်ကြာသွားပြီပင်။ အစ်ကိုက အလည်လာသည်ဆိုသော်လည်း အလုပ်ပါ တစ်ခါတည်း ပါလာသည်ကြောင့် သူတို့နှင့်တောင် သိပ်မတွေ့လိုက်ပါ။ သို့သော် အီချန်းနှင့်တော့ ရက်အနည်းငယ်အတွင်း အတော်ရင်းနှီးသွားကြရသည်ကြောင့် အပြန်တွင်တောင် လိုက်ပို့လိုက်ကြပါသေးသည်။ မပြန်ခင်လည်း ပြောသွားသေးသည်က "ကျွန်တော်နောက်တစ်ခေါက် အလည်လာရင် ကျွန်တော့်ကောင်လေးပါ ခေါ်လာခဲ့မယ်။" ဟူ၍။ ရည်းစားရှိကြောင်း ပြောပြီးသည့်နေ့ကစ၍ တစ်နေ့တစ်နေ့ သူ့ကောင်လေးအား အမွှန်းတင်လွန်းသည်ကြောင့် သူတို့လည်း အနည်းငယ်တော့ တွေ့ချင်မိသလို။ သိချင်စိတ်ကြောင့် အီချန်းနောက်တစ်ခါ အလည်လာမည်ကို စောင့်ရတော့မည်ပင်။

"ထမင်းလိပ်တာတောင် မတတ်ဘူးလား။"

"မင်းကို ချစ်တာတစ်ခုပဲ တတ်တယ်။"

"ဂွမ်ဆွန်းယောင်း အိမ်မှာ အမေတို့ရှိတယ်။ သတိထားစမ်း။"

ထမင်းလိပ်အား အားနှင့်ဖိလိပ်ပြီး ဖျက်စီးနေသော ဆွန်းယောင်းအား သူဆူလိုက်တော့ ရှေ့မကြည့်နောက်မကြည့် ပြန်ပြောလာသည်ကြောင့် ခပ်ကြိတ်ကြိတ် ဆူရပြန်၏။ အခုရက်ပိုင်း သဘောကျတာတင် မဟုတ်တော့ပဲ ချစ်ကြောင်းတွေပါ ပြောနေသည်ကြောင့် ဆွန်းဂွမ် ခေါင်းကိုက်နေရသည်ကို သဘောကျနေသလားမသိ။ အခုလည်း အူမြူးနေ၍ အိမ်ထဲမှာတောင် မရှောင်ပဲ ပြောလာသည်ပင်။

ဒီအတောတွင်း ဆွန်းဂွမ်က ပုံမှန်လိုနေသော်လည်း ဆွန်းယောင်းက အိမ်အမြဲလာလိုက်၊ ဆွန်းဂွမ်သွားရာအမြဲလိုက်လိုက်ဖြစ်နေသည်အား နှစ်ဖက်မိဘများက မြင်ပြီး သူတို့အဆင်ပြေနေသည်ဟူ၍ စိတ်ချမ်းသာနေကြသည်။ ထိုကြောင့်လည်း အလည်အတူတူသွားရန် တိုက်တွန်းကြသည်ကြောင့် မနက်ဖြန်အတွက် သူတို့ စားစရာများ ပြင်ဆင်နေရခြင်း။ ဆွန်းဂွမ်က တောင်တက်ချင်သည်ဆိုသောကြောင့် တောင်တက်ရသည်ကို မကြိုက်သောဆွန်းယောင်းက နှစ်ခါမပြောရပဲ လက်ခံလေ၏။ ဆွန်းဂွမ်ကလည်း တောင်တက်ရသည်ကို ကြိုက်လှသည်မဟုတ်သော်လည်း တစ်ခါတလေ အေးချမ်းသည့်နေရာများအား သွားရသည်က သဘောကျစရာကောင်းသည်ကြောင့် တောင်တက်ရန် ရွေးလိုက်ခြင်းပင်။

Enemies To LoversWhere stories live. Discover now