(15)

171 26 22
                                    

သူတို့ တွဲသည်မှာ တစ်လပြည့်တော့မည်။ ဆွန်းယောင်းက လူရှေ့တောင်မရှောင် တစ်ရက်ပြီး တစ်ရက်ပိုကဲသဲလာသည်ကြောင့် သတိထားရန် အမြဲပြောနေရ၏။ သို့သော် တက္ကသိုလ်တွင်တော့ ဆွန်းဂွမ်က အတွေ့မခံ၍ ဆွန်းယောင်းက စကားနားထောင်ကာ တစ်ခါလေးတောင် မတွေ့ဖြစ်ကြပါ။ ထို့ကြောင့် တက္ကသိုလ်မှ လူများသည် ဆွန်းဂွမ် မင်ဂယူနှင့်သာ တွဲနေသည်ဟု သိထားလျက်ပင်။

"ဟဲ့ ဟိုဟာ အစ်ကိုမင်ဂယူနဲ့ တွဲနေတဲ့သူမလား။"

"အေးလေ။ ဒါပေမဲ့ အခုတလော တွဲမမြင်ရတော့သလိုပဲ။ အရင်က အမြဲကော်လို ကပ်နေကြတဲ့သူတွေကို။"

ကန်တင်းထဲကို ယောင်းဂျီနှင့် အတူဝင်လာသော ဆွန်းဂွမ်အား ကြည့်ကာ တီးတိုး ပြောနေကြသူများ။ သူတို့ဘေးဘက်ဝိုင်း၌ ဆွန်းယောင်းက ရှိနေပြီး ဆွန်းဂွမ်အား အတူလိုက်ကြည့်ကာ ပြောသည်များကို နားစွင့်လျက်။

"ပြတ်သွားပြီလားမသိဘူးနော်။"

"အဲတာဆို ကောင်းတာပေါ့။ အစ်ကိုမင်ဂယူနဲ့ သူက လိုက်မှ မလိုက်ပဲ။"

"ဟုတ်တယ်။ အကြာကြီး ဘယ်လိုများတွဲလဲ ငါနားမလည်ဘူး။"

"အဲတစ်ယောက်က သေမလို ဆွဲထားတာဖြစ်မယ်။ မင်ဂယူက... အ့ လန့်လိုက်တာ။"

ပြောနေကြသည်များကို သည်းမခံနိုင်တော့၍ စားပွဲအား ဒုန်းခနဲထုကာ ထလိုက်သည့် ဆွန်းယောင်းကြောင့် ပြောလက်စ ဆက်မပြောနိုင်ပဲ လန့်ကာ အော်လိုက်သည်ပင်။ ထိုအသံကြောင့်ပင် ဘေးဝိုင်းတွေရော ဆွန်းဂွမ်တို့ကပါ ဆွန်းယောင်းကိုကြည့်လာကြ၏။ ဆွန်းယောင်းလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်။ ဆွန်းဂွမ်တို့ ထိုင်နေသည့် ဝိုင်းအားသွားကာ ဆွန်းဂွမ်ဘေးတွင် ထိုင်ပြီး လက်ချင်းချိတ်၍ စားပွဲပေါ် တင်ထားလိုက်သည်။ ဆွန်းယောင်း၏ လုပ်ရပ်အား ဘယ်သူမှ နားမလည်ကြသော်လည်း ထိုအတင်းဖျင်း ပြောနေကြသူများကတော့ ပါးစပ်ပိတ်ကာ ထထွက်သွားကြ၏။

"ဘာလာလုပ်တာတုန်း။"

"လွမ်းလို့။"

"တဆိတ်လောက် တစ်ယောက်ထဲသမားလေးရှေ့မှာ အဲလိုတွေ မပြောပဲ နေပေးလို့ရမလား။"

Enemies To LoversWhere stories live. Discover now