"အယ် ဆွန်းယောင်းလေး ဆွန်းဂွမ်ရော။ ပြန်ရောက်ကတည်းက မတွေ့မိသေးဘူး။ ညစာ လာစားခိုင်းလိုက်ဦး။"
ဆွန်းဂွမ်တစ်ယောက် လူမြင်ရသည့်နေရာတွင်ပါ ရှိနေသော အနီကွက်တွေ တချို့ဆို ခရမ်းရောင်ပါသန်းနေသော အကွက်များအား အမေကို မတွေ့စေချင်၍ အောက်မဆင်း။ သို့သော် ဗိုက်ဆာသည်ကြောင့် ဆွန်းယောင်းအား တိတ်တိတ်လေး စားစရာသွားယူခိုင်း၏။ ဆွန်းယောင်းလည်း ခြေလှမ်းဖွဖွနင်းကာ ထမင်းစားခန်းထဲသို့ ဝင်လိုက်တော့ ဆွန်းဂွမ်အမေနှင့် တည့်တည့်တိုးပြီး မေးလာသည့်စကားကြောင့် ဦးနှောက်ကို အလုပ်ပေးလိုက်ရသည်။
"ဆွန်းဂွမ်က နည်းနည်း နေလို့မကောင်းလို့ ညစာကို ဆင်းမစားတော့ပဲ အပေါ်ယူလာခိုင်းလိုက်တာဗျ။"
"ဆွန်းယောင်းလေးကရော။"
"ကျွန်တော်လည်း ဆွန်းဂွမ်နဲ့ပဲ အတူစားလိုက်မယ်။"
ဂျီယွန်းအမေးအား ထမင်းခူးနေစဥ် ပြန်ဖြေလိုက်၏။
"ဒီကလေး ဘယ်နား နေလို့မကောင်းနေတာပါလိမ့်။ သွားကြည့်လိုက်ဦးမယ်။"
"အား အမေ့"
ပြောကာ ထမင်းစားခန်းထဲမှ ထွက်မည်လုပ်နေသော ဂျီယွန်းအား ထမင်းခူးရင်း တန်းလန်း အပြေးသွားကာလိုက်မိသည်။
"ဆွန်းဂွမ်ဆီ မသွားနေပါနဲ့တော့။ သိပ်ပြီး အထွေအထူးမဖြစ်ပါဘူး။ ပြီးတော့ ကျွန်တော်ရှိတာပဲကို။ စိတ်ချပါနော်။"
"သြော် အင်း အင်း အဲတာဆို မသွားတော့ဘူး။"
နားမလည်ဟန်ဖြင့် သူ့ကို အထက်အောက် စုံဆန်ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နှင့် ပြောလာတော့မှ ဆွန်းယောင်း သက်ပြင်းငွေ့ငွေ့ ချမိသည်။
နောက်တော့ အကုန်ပြင်ဆင်ပြီး အပေါ်ထပ်သို့ ယူသွားလိုက်၏။ အပေါ်ထပ်ရောက်တော့ လက်မအားသော ဆွန်းယောင်းမှာ တံခါးဖွင့်မရ၍ အခက်တွေ့ရလေသည်။ ဆွန်းဂွမ်ကိုလည်း ထမဖွင့်ခိုင်းချင်။ သို့သော် မဖြစ်မနေဖြစ်သည်ကြောင့် ဆွန်းဂွမ်အား လှမ်းခေါ်ကာ ဖွင့်ခိုင်းရသည်။
"ဂွမ်နီး လမ်းလျှောက်ရတာ အဆင်ပြေရဲ့လား။"
"ပြေတယ်။"
YOU ARE READING
Enemies To Lovers
Fanfiction"မင်းဘဝမှာ အမုန်းဆုံးလူက ဘယ်သူလဲ။" "ဂွမ်ဆွန်းယောင်း မင်းပဲလေ။" Seventeen SoonBoo Fanfic Myanmar