(11)

150 32 2
                                    

ထိုနေ့ပြီးကတည်းက ဆွန်ယောင်းနှင့်ဆွန်းဂွမ်တို့ ရန်မဖြစ်ကြတော့။ ဆွန်းဂွမ်က ဆွန်းယောင်းအပေါ်က မကြည်သော စိတ်များအား ဖယ်ရှားလိုက်သည်ကလွဲ ပုံမှန်ပင်။ ဆွန်းယောင်းကတော့ ဆွန်းဂွမ်အနားအား ရလျှင်ရသလို နေပြီး သူ၏ သူငယ်ချင်းတွေနှင့်တောင် သိပ်မတွေ့ပါ။ ဆွန်းဂွမ်အခန်းကိုလည်း သူ့အခန်းဟု သတ်မှတ်ထားသည်လား မသိ။ ညတိုင်းအမြဲလာအိပ်လေသည်။ ဆွန်းဂွမ်ကတော့ လက်ခံသည်လည်းမပြော ငြင်းပယ်ခြင်းလည်း မရှိ။

"မင်း အိမ်ရာမဲ့လား။"

ထုံးစံအတိုင်း တက္ကသိုလ်က ပြန်ရောက်သည်နှင့် ကိုယ့်အိမ်ကိုယ်မပြန်ပဲ ဆွန်းဂွမ်အရှေ့မှ အိမ်ထဲသို့အရင်ဝင်သွားသည်ကြောင့် စိတ်ပေါက်လာသည့်ဆွန်းဂွမ်က အော်လိုက်မိသည်။

"မဟုတ်ပါဘူး။ ဒီအိမ်ရှိတယ်လေ။"

"ဒီအိမ်က ငါ့အိမ်။"

"ဘာလို့ အော်တာလဲကွာ။ မင်းအိမ်လည်း ငါ့အိမ်ပေါ့။"

ဧည့်ခန်းထဲ ဝင်ကာပစ်စလက်ခက်ထိုင်ပြီး ပြောလာသော စကားကြောင့် ချည်ထိုးနေသည့်အမေက ခပ်တိုးတိုးရယ်သည်။ ဆွန်းဂွမ်မျက်နှာကတော့ အလိုမကျဟန်နှင့်ပင်။

"သြော် ဆွန်းဂွမ် မနက်ဖြန် သားအစ်ကိုပြန်လာမှာ။ သားရဲ့ဘေးအခန်းကို ရှင်းလိုက်ဦးနော်။"

"ပစ္စည်းတွေအများကြီးကို ရှင်းဖို့ ပင်ပန်းမှာပေါ့။ ရက်နည်းနည်းပဲနေမှာမလား။ အရင်ကလိုပဲ ကျွန်တော့်အခန်းထဲ အိပ်ခိုင်းလိုက်ရင် ရတာပဲကို။"

ချည်ထိုးခြင်းအား ရပ်ကာ တစ်ခုခုကိုအမှတ်ရသလိုပုံနှင့် ပြောလာသော ဂျီယွန်း၏ စကားအား ဆွန်းဂွမ်က ပျင်းရိစွာ ပြန်ဖြေသည်။

"ဆွန်းယောင်းလေးရှိနေတာကို ဘယ်လိုအိပ်ခိုင်းမလဲ။"

"သူ့မှာ အိမ်ရှိတာပဲ။ သူအိမ်သူ ပြန်သွားအိပ်ရင်အိပ်။ မဟုတ်ရင် ကျွန်တော့်အစား အခန်းရှင်းလိုက်ပေါ့။"
___

"မင်းငါ့အခန်းမှာ အဲလောက်အိပ်ချင်နေတာလား။"

သူစကားအဖြစ် ပြောလိုက်သည်အား အတည်ကြီး အခန်းရှင်းနေသည်ကြောင့် ဆွန်းဂွမ်ကပါ မနေတတ်စွာ လာကူနေရသည်ကို မကျေမနပ်ဖြင့်မေးသည်။

Enemies To LoversWhere stories live. Discover now