END

251 28 67
                                    

ဆွန်းယောင်းနှင့်ဆွန်းဂွမ် နှစ်ယောက်သား ငြိမ်ငြိမ်ကုပ်ကုပ်လေးတွေ ကပ်ထိုင်ကြကာ နှစ်ဖက်မိဘများ၏ စကားများကို နားထောင်နေကြသည်။ အကြောင်းမှာ မနေ့ညနေက ဆွန်းဂွမ်ပြောလိုက်သည့် စကားကြောင့် မတတ်နိုင်စွာ လက်ထပ်ပေးကြရန် တိုင်ပင်နေကြခြင်းပင်။

ရှေ့မျက်နှာ နောက်ထားပြီး အဖြစ်ပျက်များကို ဂျီယွန်းပြောပြတော့ ဆွန်းယောင်းမိဘများက အံ့ဩမှုများဖြင့် တုံ့ပြန်ပြီး ဆွန်းဂွမ်ကိုလည်း တောင်းပန်စကားပြောကြသည်။ သူတို့၏ သားကိုတော့ အနည်းငယ်ဆူပူ၏။ ဂျီယွန်းကလည်း ဆွန်းဂွမ်ကို တစ်ချက်တစ်ချက် လှမ်းဆူပြီး ဆွန်းယောင်းကိုတော့ အားနာနေဟန်။ ကြားထဲမှ သူတို့နှစ်ယောက်မှာ လှုပ်ပင်မလှုပ်ရဲကြ။

"ရုတ်တရက် မယုံလောက်အောင် ခင်သွားကြတာ ဒါကြောင့်လား။ ဝမ်းသာရခက် ဝမ်းနည်းရခက်ပဲ။"

"အရင်ကဆို စကားမပြောရင် မပြောနဲ့ ပြောလိုက်ရင် ရန်စကားတွေပဲမလို့ ဘယ်လောက်တောင်စိတ်ညစ်ခဲ့ရလည်း။ အခုလည်း တည့်သွားလို့ စိတ်အေးရမယ်ရှိသေး။ လန့်စရာတွေ ဖြစ်ကုန်တယ်လေ။"

ဆောယောင်းနှင့်ဂျီယွန်းမှာ သူတို့နှစ်ယောက်အားကြည့်ပြီး ပြောစရာများ မကုန်နိုင်တော့။

"ဖြစ်တာတွေလည်း ဖြစ်ပြီးပြီဆိုတော့ လက်ထပ်ပေးဖို့ ပြင်တာပေါ့။"

ခပ်ငြိမ်ငြိမ်သာ ထိုင်နေသော ဆွန်းယောင်းအဖေက ချောင်းတစ်ချက်ဟန့်ကာ ပြောလာတော့ အကုန်ခေါင်းငြိမ့်လိုက်ကြသည်။ ဆွန်းဂွမ်အဖေလည်း အပါဝင်ပင်။ သူတို့နှစ်ယောက်လည်း အဆူခံရတာလွဲ၍ လွယ်လွယ်နှင့် ပြီးသွားသည်ကြောင့် ဝမ်းသာတစ်ဝက် အံ့ဩတစ်ဝက် ဖြစ်နေကြ၏။

"ဘယ်လိုဆောင်ချင်တာလဲ။"

"ကျွန်တော်က ခပ်ရိုးရိုးပဲ ဆောင်ချင်တယ်ဗျ။"

မေးခွန်းပြီးပြီးချင်း ဆွန်းဂွမ်က ဖြေလာသည်။ ဆွန်းယောင်းကလည်း ခေါင်းတငြိမ့်ငြိမ့်။

"ခပ်ရိုးရိုးဆို မင်းတို့ သဘောကျသလိုသာ ကိုယ်တိုင်ပြင်ဆင်လိုက်ကြ။"

"ဟုတ်" "ဟုတ်"

နှစ်ယောက်ပြိုင်တူ ပြောလိုက်တော့ ဂျီယွန်းဆီမှ မျက်စောင်းက ဒိုင်းခနဲ ဆွန်းဂွမ်ဆီသို့ ရောက်လာ၏။

Enemies To LoversWhere stories live. Discover now