"ငါ.. ငါအမေနဲ့ စကားပြောမလို့။"
"နောက်မှပြော။"
"မရဘူး။ အခုပြောရမှာ။"
ခေါင်းမာနေသော ဆွန်းယောင်းအား ဆွန်းဂွမ်ခေါင်းရိုက်ခွဲချင်စိတ်ပါ ပေါ်လာသည်။ အမေနှင့်သူ့ကြား ဘာစကားမှ အရေးတကြီး ပြောစရာမရှိကြောင်း သိသည်ကြောင့်ပင်။
"မင်ဂယူ.."
"ရပါတယ်။ ကိုယ်ဘာမှမဖြစ်ဘူး။"
ဆွန်းဂွမ် အားနာဟန်နှင့် ခေါ်လိုက်သည်အား ရှေ့မှ မြောက်ကြွမြောက်ကြွနှင့် အိမ်ထဲ ဝင်သွားသည့် ဆွန်းယောင်းကို ကြည့်ကာ မင်ဂယူက ပြန်ပြောသည်။
ကောလဟာလထွက်ကတည်းက တက္ကသိုလ်အသွားအပြန်သာ ဆွန်းယောင်းအား တွေ့ရပြီး အရှေ့ကို ပေါ်မလာခဲ့တာ။ အခုမှ ဘာတွေထနှောင့်ယှက်နေလဲ သူနားမလည်။ အဆင်ပြေနေသော သူတို့၏ အခြေနေအား ဝင်မွှေမှာ စိုးရိမ်မိသည်။
"ဆွန်းယောင်းလေး ထူးထူးဆန်းဆန်း အိမ်လာလည်လို့ပါလား။"
"ဟုတ်တယ်။ အိမ်နီးပြီးတော့ ခဏခဏလာမလည်ဖြစ်လို့ ဒီနေ့လာလည်တာ။ အမေ့ကိုလည်း လွမ်းလို့လေ။"
ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နင့် ခပ်ချွဲချွဲကြားလိုက်ရသော စကားသံကြောင့် ဆွန်းဂွမ်မျက်နှာ မဲ့မိသွားသည်။ မင်ဂယူဟာလည်း အလိုမကျဟန်နှင့်ပင်။
"အမေ့"
"အာ ဆွန်းဂွမ် ဘေးက သူငယ်ချင်းမလား လာထိုင်ကြ။"
ဆွန်းယောင်းနှင့် စကားပြောနေရလျှင် အကုန်မေ့သည့် သူ့အမေအား ဆွန်းဂွမ်ခပ်ကျယ်ကျယ်ခေါ်လိုက်တော့ လှည့်ကြည့်ကာ ပြောလာသည်။
"ဆွန်းဂွမ် ခဏစောင့်ဦး။ ဆွန်းယောင်းလေး လာမယ်မှန်း မသိတော့ သောက်စရာနှစ်ခွက်ပဲ လုပ်ထားတာ။"
"ငါ့ဟာသောက်။"
"ကိုယ်မသောက်တော့ဘူး။ ဆွန်းဂွမ်သောက်လိုက်နော်။"
လိမ္မော်ရည်နှစ်ခွက်အား မေးငေါ့ပြကာ ပြောလာသည့် အမေ့စကားကို ဆွန်းဂွမ်မငြင်းခင် ထွက်လာသော စကားသံနှစ်ခုကြောင့် သူတို့နှစ်ယောက်လုံးကြောင်သွားသည်။ မင်ဂယူ၏ ပြောစကားကတော့ မထူးဆန်းသော်လည်း ဆွန်းယောင်းစကားကတော့ သူတို့အတွက် အထူးဆန်းပင်။ ဆွန်းယောင်းက ငယ်ငယ်ကတည်းက ဆွန်းဂွမ်အပေါ် ဦးစားမပေးဖူးသူဖြစ်သည်။

YOU ARE READING
Enemies To Lovers
Fanfiction"မင်းဘဝမှာ အမုန်းဆုံးလူက ဘယ်သူလဲ။" "ဂွမ်ဆွန်းယောင်း မင်းပဲလေ။" Seventeen SoonBoo Fanfic Myanmar