(2)

362 43 5
                                    

"ယူရီတို့ ဟိုနားလေး သွားထိုင်ကြရအောင်လေ။ ဆွန်းဂွမ်က ပြတင်းပေါက်နားမှာ နေရတာ ကြိုက်တယ်မလား။"

နေရောင်နွေးနွေး ဖြာကျနေသည့် နေရာအား လက်ညှိုးထိုးကာ ယူရီက ပြောလာတာကြောင့် ဆွန်းဂွမ်ခေါင်းငြိမ့်ပြလိုက်သည်။ သူတို့နှစ်ယောက်လုံး အဲဒီခုံဆီ သွားကာ ထိုင်လိုက်ကြသည်။

တက္ကသိုလ် ပထမဆုံးနေ့က ဆွန်းဂွမ်ပြောစကားကြောင့် သူတို့တွေ စာကြည့်တိုက်သို့ ရောက်နေကြတာပင်။ တစ်ပတ်အတွင်း သူ့ကိုယူရီ ရင်းရင်းနှီးနှီးဆက်ဆံလာသည်။ ဆွန်းဂွမ်ဘက်မှ သူငယ်ချင်းလိုသာသဘောထားသော်လည်း ယူရီ့ဘက်က အဲဒီထက်ပိုနေကြောင်းကို သူ၏အပြုမူ အပြောဆိုတွေ ကြည့်ကာ သိနိုင်သည်။ ဆွန်းဂွမ်ဘက်ကတော့ ပိုပိုသာသာ ဆက်ဆံတာမျိုး မရှိခဲ့။

ဟိုနေ့က ဆွန်းယောင်းကို ရွဲ့ခဲ့သော်လည်း သူတစ်ပါးကို သဘောမကျပဲ မျှော်လင့်ချက် ပေးတာမျိုး လုပ်တဲ့ထိ ဆွန်းဂွမ်မရက်စက်တတ်ပါ။ သို့သော် သူ့ကို တော်တော်သဘောကျနေပုံပေါ်သည့် ယူရီ့ကြောင့် ဆွန်းဂွမ် ဘာမှလုပ်စရာမလိုပဲ ဆွန်းယောင်းကို စိတ်မကြည်မလင် ဖြစ်စေသည်။ သူ့သူငယ်ချင်း တကယ်သဘောကျနေသည့်သူဖြစ်တာကြောင့် နောက်ဆုတ်လိုက်ပါလို့တော့ နေ့တိုင်းပြောသည်။ သူမသိတာက ဆွန်းဂွမ်ဘက်က ခြေတစ်လှမ်းတောင် ပိုပိုသာသာ မလှမ်းခဲ့ဘူးဆိုတာပဲ။

"ဆွန်းဂွမ် ဆွန်းဂွမ်"

"ဟမ် ဟင်"

စာအုပ်လှန်ကာ အတွေးများနေစဥ် ယူရီ၏
သူ့နာမည်အား ခပ်တိုးတိုး ခေါ်သံ ကြားလိုက်ရသောကြောင့် သတိပြန်ဝင်လာသည်။

"ယူရီ ခေါ်တာကြာနေပြီ။ ဆွန်းဂွမ် ဘာတွေတွေးနေတာလဲဟင်။"

"အာ.. ထွေထွေထူးထူး မဟုတ်ပါဘူး။ ဘာပြောမလို့လဲ။"

"ဒီတိုင်း စာကို အာရုံမရဘူးထင်လို့ ခေါ်လိုက်တာပါ။"

ယူရီ့ရဲ့ စကား​ကို ခေါင်းငြိမ့်တုန့်ပြန်လိုက်ကာ ရှေ့က စာအုပ်အား အာရုံစိုက်လိုက်သည်။ အာရုံစိုက်ပြီး ဖတ်အပြီး ဖုန်းဖွင့်ကာ
နာရီကြည့်လိုက်တော့ ၃နာရီ ထိုးသွားလေပြီ။ ဘေးက ယူရီကို ကြည့်တော့ ငိုက်နေတာထင်သောကြောင့် ပုခုံးအား သာသာလှုပ်လိုက်တော့ မျက်လုံးတွေပြူးလာကာ ဆွန်းဂွမ်ကို နောက်ကျောပေးပြီး ဘာတွေ ကုပ်ကုပ်ကုပ်ကုပ် လုပ်နေလဲ မသိ။ အရှေ့ပြန်လှည့်လာတော့ ပြုံးပြလာတာကြောင့် ဆွန်းဂွမ်လည်း ပြန်ပြုံးပြလိုက်သည်။

Enemies To LoversWhere stories live. Discover now