"အစ်ကို အားတော့နာပါတယ်။ ကျွန်တော့်လက်က မနေ့က ပစ္စည်းသယ်ရင်း.."
"အာ ရပါတယ်။ အစ်ကို့ကိုပေး။ ကျန်တာစားနှင့်နော်။"
ဆွန်းယောင်း၊ ဆွန်းဂွမ်နှင့် အီချန်းတို့ လည်ပတ်ရန် အပြင်ထွက်လာပြီး ဗိုက်ဆာသည်ကြောင့် စားသောက်ဆိုင်ဝင်နေကြတာပင်။ စိတ်ကောက်ပြီး စကားအခုထိ တစ်ခွန်းမှမဟသော ဆွန်းယောင်းအား စချင်၍ အီချန်းက ပုစွန်အခွံနွှာနေရာမှ ဆွန်းဂွမ်ကို ကူစေသည်။ အီချန်း၏ အကြံအောင်မြင်သွားသည်ဟု ဆိုရမည်လား။ ဆွန်းယောင်းက ဆွန်းဂွမ်၏ ပုစွန်အခွံနွှာပေးနေသော လက်တစ်စုံအားတစ်လှည့် အီချန်းအားတစ်လှည့် ခဏခဏကြည့်ပြီး ပြောလာသည်။
"ပုစွန်အခွံနွှာရတာ မကြိုက်ဘူးဆို။"
"အေးလေ။ မင်းရောကြိုက်လို့လား။ ကြိုက်ရင် နွှာလိုက် ရော့။"
ဆွန်းယောင်း၏ မကျေမနပ်စကားအဆုံး ဆွန်းဂွမ်က ပုစွန်ပန်းကန်အား ရှေ့တိုးပေးလာပြီး လက်အိတ်တွေပါ ထုတ်ပေးသည်။ ဆွန်းယောင်းကြောင်နေပြီး ဘာမှမပြောနိုင်လိုက်ပါ။ လက်ထဲက ပုစွန်တွေကိုသာနွှာပြီး စကားပေါနေကြသော နှစ်ယောက်ကို ကြည့်နေလိုက်သည်။ သူကတော့ ဆွန်းဂွမ်ချော့တာကို ခံရဦးမည်ကြောင့် စကားလုံးဝမပြော။
"အစ်ကိုတို့ အားနာစရာ။ ပိတ်ရက်မှာ ရည်းစားနဲ့ သွားမတွေ့ရတော့ဘူး။ ကျွန်တော့်ကြောင့်နဲ့။"
"အေးဆေး အစ်ကို့မှာ ရည်းစားမရှိဘူး။"
အီချန်း၏ စကားအဆုံး ဆွန်းယောင်းက ပုစွန်နွှာနေရင်း ဆွန်းဂွမ်အား အူကြောင်ကြောင်နှင့်ကြည့်သည်။ ဆွန်းဂွမ်အဖြေကို ကြားတော့မှ ခေါင်းတငြိမ့်ငြိမ့်နှင့် စိတ်သက်သာသွားဟန်။
"အစ်ကိုဆွန်းယောင်းကရော။"
"ဟင် ငါလည်း မရှိဘူး။"
သူ့စကားအားကြားတော့ ဆွန်းဂွမ်က မျက်စောင်းလှမ်းထိုးသည်။ သူပြောတာ ဘာမှအမှားမပါ။ ဆွန်းယောင်းအခုထိ ရည်းစားအတည်တကျမထားဖူး။ တစ်ပတ်တစ်ယောက်တွဲနေသောသူများကလည်း ရည်းစားအမည်ခံ စကားပြောဖော် သက်သက်သာ။

YOU ARE READING
Enemies To Lovers
Fanfiction"မင်းဘဝမှာ အမုန်းဆုံးလူက ဘယ်သူလဲ။" "ဂွမ်ဆွန်းယောင်း မင်းပဲလေ။" Seventeen SoonBoo Fanfic Myanmar