part 1

612 36 3
                                    

“မင်း သားကို မင်းကြည့်ပြောထား မေကြီး။ အခုလဲ ကျောင်းမှာ ပြဿနာရှာလာတယ်။ ကိုယ့်မှာ အလုပ်မအားတဲ့ကြား က လိုက်ဖြေရှင်းပေးနေရသေးတယ်။ နောက်တခါဆို သူ့အမရှိတဲ့ဆီကို ကျောင်းတခါထဲပြောင်းခိုင်းတော့မှာ ၊ အဲ့ကျမှ ကိုယ့်အဆိုးမဆိုးနဲ့နော် ။ ဒါပဲ!! အိမ်လာမှ ဆက်ရှင်းမယ်မင်း သားနဲ့ငါ ”

ဖုန်းကကျသွားပြီ။ အဲ့လိုပဲ မွေးထားသည့်အထဲရှားရှား ပါးပါး သား လေးတယောက်ထဲပါသည်မို့အလိုလိုက်ထားသမျှ ကမ်းကုန်အောင်ဆိုးလွန်းသည်။ တအိမ်လုံးကလူတွေနဲ့ဘယ်သူနဲ့မှ မတည့် သားယောင်္ကျားလေးမို့ အဖိုးအဖွားများကလည်း ဆူတော့မယ်လုပ်ရင် ဟန့်တားနေသည်မို့ အဆိုးတကာ့အဆိုးဆုံးလေးဖြစ်နေသည်။ သူဘယ်လောက်ဆိုးဆိုး တအိမ်လုံးရဲ့သည်းသည်းလှုပ်ဖြစ်နေခြင်းမှာလဲ သူ့ရဲ့ကံကောင်းခြင်းဟုဆိုရမည်။
ပြောရင်းခြံဝင်းထဲသို့ ဆိုင်ကယ်သံ ကျယ်ကျယ်ဖြင့် အရှိန်တင်မောင်းလာသူ “နီရှီမူရာ” မျိုးရိုးရဲ့တစ်ဦးတည်းသောသားယောင်္ကျား လူဆိုးကောင်လေး “နီရှီမူရာ ရီခီ”
ထွက်ကြည့်တော့ ဆင်ဝင်အောက်မှာဆိုင်ကယ်အားစနစ်တကျရပ်လိုက်ကာ ဆင်းလာတဲ့သူမ သားငယ်လေးမှာသူ့
မကိုမြင်တော့အနည်းငယ်ထိထားပုံရတဲ့ဒဏ်ရာအချို့နဲ့မျက်နှာ‌ ချောချောကပြုံးပြရှာလာသည်။ ဦးထုတ်ချွတ်ကားဆံပင်တချက်သပ်ရင်း

“မာမီဘာထွက်စောင့်နေတာလဲ သားကိုလွမ်းနေလို့လား”

“ဟုတ်ပါ့ မာမီ့အဆိုးလေးကိုလွမ်းလို့လေ။ လာပါအုန်းမာမီ့ဆီ”

ဟုဆိုတော့ ရီခီတယောက် ဦးထုတ်အားဆိုင်ကယ်မှန်တွင်ချိတ်ကာ သူမဆီပြေးဖက်လာသည်။ ထို့နောက် အိမ်ဧည့်ခန်းကိုရောက်တော့ သူမက မျက်နှာကဒဏ်ရာတွေကိုကြည့်ရင်း ခုဏက အဖေဖြစ်သူဖုန်းဆက်ထားသည့်အကြောင်းမေးမြန်းရန်စကားစမည့်ဟန်ပြုတော့

မေးစေ့ကဒဏ်ရာကိုလက်တဖက်ဖြင့်ထိကြည့်ရင်း ကျန်လက်တဖက်ဖြင့်ကာ ကာ“ဟိုးထားး မာမီ ရန်ဖြစ်လာတဲ့ကိစ္စမေးမလို့မလား။ အဲ့ကိစ္စသားလွန်တယ်ထင်မထင်တော့မသိပေမဲ့အရင်ရန်စတာ သူတို့ မာမီ
သားကို သူတို့လိုက်နေတဲ့ ကောင်မလေးက အထာအရင်လာပေးတာ ခုံပေါ်လဲပန်းတွေ စာတွေလာလာတင်တာ သူပေးတာသားမြင်သွားလို့ အစကလာမပေးတော့ဖို့ သား ငြင်းမလို့ပဲ အဲ့ချိန်ဟိုကောင်တွေက မွှန်ပြီး ခပ်ဝေးဝေးနေတို့ ခပ်ကင်းကင်းနေတို့လာပြောလို့ သားပြန်အီပေးလိုက်တာ တမင် ။ အဲ့တာကြောင့်အဲ့ကောင်မလေးကို သူတို့မရလို့ သားကိုရန်လာရှာတာမာမီ။ သားလက်စသူတို့မသိသေးလို့ အမြည်းကျွေးလိုက်တာ နည်းနည်းလက်လွန်သွားတာ အဲ့တာကို ကျောင်းအုပ်ဘာညာတွေက ဒယ်ဒီ ဆီတန်းဆက်တာ အဲ့မှာလာပြီး ပွားတော့တာပဲ မာမီယောင်္ကျားက ။ အဲ့တာကိုမှ မာမီကပါ ထပ်ပွားချင်ရင် နောက်မှပွားမာမီရာ သား ဒယ်ဒီကြောင့်‌ ရော ကျောင်းအုပ်ကြောင့်ရောနားညီးလာတာ ခုလဲအနာတွေနဲ့ သား တအားပင်ပန်းနေပြီ”

I don't want to loose you Where stories live. Discover now