" ရီခီ မင်းကိုယ့်ကိုလာကြိုပြန်ပြီ "
"ဘာလို့လဲမကြိုက်ဘူးလား "
"မဟုတ်ဘူးလေ တကူးတကကြီးဖြစ်နေလို့ "
"မကြိုက်လဲမရဘူး။ လာကြိုမှာ "
"ဘာလို့လဲ "
"အားနေလို့လေ "
ဆောင်ဟွန်းပြောစရာစကားများပျောက်သွားရသည်။ ရီခီ အမြဲလိုလို စကားကို အဲ့လိုပဲပြောသည်။ သူ့သူငယ်ချင်းတွေ သူ့အားဘယ်လို သီးခံပြီးပေါင်းလဲတော့မသိ။ ဆောင်ဟွန်း ကတော့ စခင်ထဲက ရီခီစကားပြောပုံကိုစိတ်ကွက်ခြင်းမရှိခဲ့ပေ။ သို့သော်အပြင်လူတွေနဲ့ ပြောဆိုဆက်ဆံရာတွင် ဒီကလေးအကျင့်ပါသွားမှာတော့ စိတ်ပူမိသည်။
"ကျောင်းနောက်ကျ တော့မယ် "
"အကိုကြာနေတာလေ "
"အေးပါကွာ အိပ်ရာထနောက်ကျနေလို့ "
"နေအုန်း အကို ဖုန်းနံပါတ်ပေး "
"ဘာဆိုင်လို့လဲ"
"အိပ်ရာထနောက်ကျတယ်ဆို "
"အင်းလေ အဲ့တာနဲ့ ဘာဆိုင်"
"ပေးမှာသာ ပေးစမ်းပါ အကိုရာ "
"အင်း ပေးမင်းဖုန်း"
"ရော့"
"ဒီမှာရိုက်ပြီးပြီ ကိုယ့်နံပါတ်
သွားမယ်တကယ်နောက်ကျတော့မယ် ""အွန်း"
ရီခီတို့ကျောင်း ရောက် တော့ တကယ်လည်း နောက်ကျနေပြီဖြစ်သည်။ ရပ်ရပ်ချင်းပဲ ဆောင်ဟွန်းဆင်းလိုက်ကာ
"လိုက်ပို့တာကျေးဇူးပဲ ရီခီ"
ပြောပြီးထွက်သွားရန်ပြင်နေတဲ့ ဆောင်ဟွန်းလက်ကိုဆွဲလိုက်တော့ အားပါသွားဟန်နှင့်တူသည် ဆောင်ဟွန်း ရီခီနား ကပ်သွားသည်။"နေပါအုန်း အကိုရဲ့ "
"နောက်ကျနေပြီ ရီခီရ "
"သိပါတယ် အကိုရ သွားရင်လည်း ဦးထုတ်တော့ချွတ်သွားအုန်းလေ "
ရီခီပြောမှ ဆောင်ဟွန်း သတိရသွားသည့်ဟန်နှင့် ခေါင်းကိုစမ်းကာ ကိုင်မိသည်။
"အာ ဟုတ်သားပဲ ဆောတီး ဆောတီး ကိုယ်လောသွားတာ "
ဦးထုတ်ကိုအမြန်ချွတ်လိုက်ကာ ရီခီ လက်ထဲပေးလိုက်သည်။
YOU ARE READING
I don't want to loose you
Fanfictionကျွန်တော်ဘယ်လောက်ထိချစ်ကြောင်းအကိုယုံတဲ့ထိသက်သေပြပါ့မယ် ကျွန်တော်အကို့ကိုအဆုံးရှုံးမခံနိုင်ဘူး ( NI-KI) မင်းကငါ့ဘက်ပါမဲ့ ငါ့ကံကြမ္မာလေးဖြစ်ပေးနိုင်မလား (Sunghoon)