"ဟုတ်တယ် ကိုယ်ဒီတပတ်လုံးလည်းမအားဘူး ရီခီ "
"..."
"အင်း မလာနဲ့တော့လေ ၊ မဟုတ်လည်း အိမ်မှာမင်းတယောက်တည်းဖြစ်နေမှာ "
"...."
"စီနီယာတွေနဲ့ ဂျယ်ယွန်းရော ထုံးစံတိုင်းပါပဲ မိန်းကလေးကတော့ အဖွဲ့ထဲကလူတွေပဲလေ "
"နောက်တပတ်တော့ကိုယ်အားပြီ ။"
".."
"အင်းအတန်းတက်တော့မယ်။ မင်းလည်းစာ သေချာလိုက်လုပ် "
ဆောင်ဟွန်းထံမှဖုန်းကျသွားတော့ ရီခီ အလိုမကျဟန်ဖြစ်နေသည်။ သူနဲ့ ကိုကို မတွေ့ရတာ ဒါနဲ့ဆို၂ပတ်ရှိပြီ။ တက္ကသိုလ်ကတကယ်ပဲအဲ့လောက်အလုပ်ရှုပ်တာလား ။
"ရီခီ ဘာတွေ မှုန်ကုပ်နေတာလဲ " အပြင်ကပြန်လာဟန်ရှိသော takiကိုတချက်ကြည့်လိုက်ပြီး ဘာမှပြန်မပြော
"ရည်းစားပူမိနေပြန်ပြီလား ဖေ့သား "
"ကျစ် "
"ဟုတ်နေတာပဲ "
"အာ ..ဒါနဲ့ ဆောင်ဟွန်းဟျောင်းရော အဆင်ပြေရဲ့လား "
"ဘာလုပ်မို့လဲ "
"ဒီတိုင်းသူငယ်ချင်းရည်းစားမို့သိချင်လို့ပါကွာ မင်းဂျေဝင်ပုံကြီးကလည်း "
"မသိဘူး "
"ဘာ"
"မသိဘူးလို့ ငါနဲ့လည်းမတွေ့တာ ၂ပတ်ရှိပြီ "
"တက္ကသိုလ်ကျောင်းသားတွေကအလုပ်ရှုပ်တယ်ကွ ဒီကြားထဲမင်းရည်းစားက အလုပ်လုပ်တော့ပိုဆိုး "
"ငါလည်း သူ့ကိုတွေ့ချင်တယ် "
"တွေ့ချင်သွားတွေ့ပေါ့ကွ "
"လာမတွေ့ခိုင်းလို့ပေါ့ "
"ဘာလို့လဲ "
"ငါလည်းမသိဘူး "
"မတွေ့ခိုင်းလည်း သွားတွေ့ပေါ့ကွာ မင်းလောက်တဇွတ်ထိုးဆန်တာမင်းပဲရှိတာကို "
"သူ စိတ်ဆိုးသွားမှာစိုးလို့ "
"ဪ...မောင်မင်းကြီးသားရယ်အေးပါကွာ
"နေဦးငါ့အမဝမ်းကွဲလည်း SNU တက်နေတာ "
"မင်းအမဝမ်းကွဲက ဘယ်မေဂျာလဲ "
YOU ARE READING
I don't want to loose you
Fanfictionကျွန်တော်ဘယ်လောက်ထိချစ်ကြောင်းအကိုယုံတဲ့ထိသက်သေပြပါ့မယ် ကျွန်တော်အကို့ကိုအဆုံးရှုံးမခံနိုင်ဘူး ( NI-KI) မင်းကငါ့ဘက်ပါမဲ့ ငါ့ကံကြမ္မာလေးဖြစ်ပေးနိုင်မလား (Sunghoon)