"ပိတ်ရက်တွေကမြန်လိုက်တာ ဗျာ တွေ့ရတာတောင်မဝသေးဘူး "
ရီခီက ဆောင်ဟွန်းကို ရင်ခွင်ထဲထည့်ကာထိုင်လျက်သား ဖြင့် ဆောင်းဟွန်းဆံပင်လေးတွေကို ဆော့ကာ ခပ်ညည်းညည်းလေးပြောသည်။
ဆောင်ဟွန်းက လက်ထဲကလိမ္မော်သီးကိုနွှာရင်း ရီခီကို အပေါ်သို့ခွံကျွေးသည်။
"ကိုကို ကတော့ ကျွန်တော်ကို လွမ်းမှာမဟုတ်ပါဘူး ဟုတ်တယ်မလား " ဆောင်ဟွန်းခွံကျွေးသမျှလိမ္မော်သီးကို စားရင်း ဆောင်ဟွန်းကို မသိမသာစကားနာထိုးသည်။
"မလွမ်းပါဘူး "
"ဟာ "
ရီခီကဆောင်းဟွန်းကိုပိုတင်းဖက်လိုက်ကာ လည်တိုင်ဖြူဖြူလေးရှိရာသို့ငုံ့လိုက်ကာအနားကပ်ပြီး
"အင်းပေါ့ တက္ကသိုလ်ကျောင်းသားဖြစ်ပြီဆိုတော့ ကျွန်တော်ကို ဘယ်လွမ်းတော့မလဲ "
ရီခီထိုသို့ပြောတော့ ဆောင်ဟွန်းကရီခီရင်ခွင်ထဲမှထထိုင်လိုက်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး
"မင်းနော် ကိုယ်ကဒီတိုင်းစလိုက်တာ ကို "
"ဟားဟားးးး သိတာပေါ့ ကိုကိုမျက်လုံးထဲတခြားကောင်တွေဝင်လာရင်တောင် ဆွဲထုတ်ပြီး လွှင့်ပစ်မဲ့ကောင်ပါဗျာ " ထိုအခါကျဆောင်ဟွန်းက မျက်စောင်းလေးထိုးလိုက်ကာ
"နောက်တခါဆို ကိုယ့်ကိုအဲ့လိုမစနဲ့ "
"အင်းပါ ကျွန်တော့်ကောင်လေးမကြိုက်ရင်
မစတော့ပါဘူး " ရီခီက ဆောင်ဟွန်းပါးလေးကို အသဲယားစွာညစ်ပြီးပြောလိုက်သည်။"ကိုကို ကနောက်ဆိုပိုအလုပ်ရှုပ်တော့မှာမလား "
"အင်းဟုတ်တယ် အတန်းတွေကလည်းအပြည့်တခြား ဟာတွေရော ၊ အချိန်ပိုင်းအလုပ်ပါရသွားရင် အဲ့တာနဲ့ ပါရှုပ်နေတော့မှာ"
"ကိုကို့ ကို မတွေ့ရတော့ ပိုလွမ်းနေတော့မှာပဲ ဒါဆို " စားပွဲခုံကိုလက်ဖြင့် တဒေါက်ဒေါက်ဖြင့်ကောက်ကာ တွေးဆဆလေးပြောသည်။
"ကိုယ်အားတဲ့အခါကျ မင်းဆီ မက်ဆေ့ခ်ျပို့မယ်လေ "
"..."
YOU ARE READING
I don't want to loose you
Fanfictionကျွန်တော်ဘယ်လောက်ထိချစ်ကြောင်းအကိုယုံတဲ့ထိသက်သေပြပါ့မယ် ကျွန်တော်အကို့ကိုအဆုံးရှုံးမခံနိုင်ဘူး ( NI-KI) မင်းကငါ့ဘက်ပါမဲ့ ငါ့ကံကြမ္မာလေးဖြစ်ပေးနိုင်မလား (Sunghoon)