ငှားလာတဲ့စာအုပ်တွေယူကာ လွယ်အိတ်ထဲ ထည့်လိုက်ပြီး ဆောင်ဟွန်းဆီသွားဖို့ ဆိုင်ကယ်စက်နှိုးလိုက်စဉ်
"မတွေ့ရတာကြာနေပြီနော် ရီခီ။ ငါမရှိတဲ့အတောအတွင်း sakura ဆီက attention တွေရနေတာ တော်တော်လေးမှပျော်ရဲ့လား ။"
သူ့အားမထိတထိ ပြောနေသူအားကြည့်လိုက်တော့ အရင်အပတ်ကမှ သူနဲ့ပြဿနာတက်ထားသည့် သူ့ထက်တနှစ်ကြီးသည့် K နဲ့သူ့သူငယ်ချင်းလေးယောက်နဲ့ ဆိုင်ကယ်ထွက်မည့်လမ်းအားပိတ်ကာ ရန်စနေသည်။
ရီခီ smirk တချက်လုပ်လိုက်တာ
"ဘယ်သူများလဲလို့ ငါကမင်းဆေးရုံးမှာတလလောက်နေရမယ်ထင်နေတာ ဒီလိုမှန်းသိ သနားပြီးေလျှာ့ထိုးခဲ့မိတာ နောင်တရသား "
"မင်းဘာစကားပြောလိုက်တာလဲ " K ကဒေါသတကြီးထအော်လိုက်သည်။
"နားပါတယ်မလား ? "
"ငါမရှိတော့ မင်းလည်း Sakura နားကပ်နေရတော့ ပျော်နေမှာပဲနော် "
"Sorry ပဲ စော်တယောက်ဆီက attention ရ ဖို့ လုပ်ရအောင် ငါက မင်းမှမဟုတ်တာ ။ ငါ့ဘာသာနေတာကို သူ့ဘာသူ ငါ့လာစိတ်ဝင်စားတာတော့ငါလဲ မတတ်နိုင်ဘူးလေ "
"ဘာကွ"
"ငါ မင်းရဲ့အရည်မရအဖက်မရတဲ့ ကိစ္စတွေကို နားထောင်ဖို့ အချိန်မရှိဘူး ။ မင်းလိုလဲအားမနေဘူး။ အခုလို တွေလာပြောတာ ဒီတခါ နောက်ဆုံးဖြစ်ပါစေ။မဟုတ်ရင်မင်း ဒီတခေါက် ခေါင်းကွဲသလို နောက်တခါ ထပ်မကွဲဘူးလို့ ငါအာမ မခံဘူးနော်။ဖယ်လိုက်တော့ " ရီခီမောင်းထွက်လာတော့ အနောက်မှာ K တယောက်ဒေါသထွက်ကာ ကျန်ခဲ့သည်။
"ရီခီ မင်းနဲ့ငါ တွေ့မယ်"
.......................ဆောင်ဟွန်းအိမ်ရောက်တော့ တံခါးကသော့ခတ်ထားသည်။ "ဘယ်သွားနေတာပါလိမ့်" ရီခီနာရီကြည့်တော့ ငါးနာရီ သုံးဆယ်ကိုပြနေသည်။ ရီခီသတိရသွားသည်"အလုပ်သွားတာများလား " တိုက်အောက်သို့အမြန်ဆင်းကာ ဂိမ်းဆိုင်သို့မောင်းထွက်လာသည်။
ဂိမ်းဆိုင်ထဲသို့ဝင်တော့ကောင်တာက အကိုက "ရီခီ ဘယ်ကနေဘယ်လိုလမ်းမှားလာတာလဲ Takiရောမပါဘူးလား" လှမ်းမေးသည်။
YOU ARE READING
I don't want to loose you
Fanfictionကျွန်တော်ဘယ်လောက်ထိချစ်ကြောင်းအကိုယုံတဲ့ထိသက်သေပြပါ့မယ် ကျွန်တော်အကို့ကိုအဆုံးရှုံးမခံနိုင်ဘူး ( NI-KI) မင်းကငါ့ဘက်ပါမဲ့ ငါ့ကံကြမ္မာလေးဖြစ်ပေးနိုင်မလား (Sunghoon)