ရီခီ အပြင်ကို ဆွဲခေါ်လာတော့
"ရီခီ ငါ့လက်နာတယ် လွှတ် "
"အဲ့မှာဘာလုပ်နေတာလဲ အကိုက "
"ငါမင်းကိုပြောပြီးသားလေ သူငယ်ချင်းနဲ့လိုက်ပေးစရာရှိလို့ လို့ "
"သူနဲ့ လို့တော့မပြောဘူးလေ "
"ပြောစရာမှမလိုတာ "
"ဘာလို့လဲ"
"မင်းနဲ့ငါက အဲ့လောက်ထိပြောပြစရာလိုတဲ့ ဆက်ဆံရေးမှမဟုတ်တာ "
"ဘာ....."
"မဟုတ်လို့လား"
"အဲ့စကားထပ်ပြောရဲပြောကြည့် "
"ပြောတော့ဘာဖြစ်လဲ မဟုတ်လို့လဲ"
"ပြောရဲရင်ထပ်ပြောလိုက် ကျွန်တော်ဖက်နမ်းပစ်မှာ ဒီ နေရာမှာတင် "
"ဘာ ဘာဖြစ်တယ်" ဒီတခါ အံ့ဩသွားရသူမှာ ဆောင်ဟွန်းပင်။ သူနားကြားများမှားတာလား ဒါမှမဟုတ် ရီခီ ဒေါသထွက်နေလို့ပြောမိပြောရာများ ပြောလိုက်တာလား။
"ထပ်ကြားချင်လို့လား"
"မင်းလျှောက်ပြောနေတာမလား "
"ဒီလောက် သူနဲ့ နှစ်ယောက်ထဲတူတူသွားရင် မကြိုက်လို့ ကျွန်တော့်ကိုခေါ်ပါလို့ပြောနေတာကို ၂ယောက်ထဲသွားဖြစ်အောင်သွားသေးတယ် ။ တားချင်လို့တားနေတယ်ထင်နေလား ။ ချစ်လို့ ချစ်လို့ အကို့ကို ဒီကောင် ချစ်နေလို့လေ ။ ဒါလေးတောင် မသိဘူးလား "
"ကိုယ့် ကိုစ နေတာဆို တော်တော့နော် ။ရီစရာမကောင်းဘူး "
"ရုပ်ကိုလဲ သေချာမော့ကြည့်အုန်း စ နေတဲ့ရုပ်လား "
"ပြန်တော့မယ် "
"မပြန်နဲ့အုန်း ပြီးမှလိုက်ပို့မယ် "
"အလုပ်နောက်ကျနေပီ"
"ဖုန်းဆက်ပြောလိုက်မယ်"
ဆောင်ဟွန်းဘယ်လိုရှောင်ထွက်ထွက် ရီခီက လိုက်တားနေသည်။
"မင်းဘယ်လိုဖြစ်နေတာလဲ "
"ချစ်နေတာလေ"
"ရီခီ ! "
"ဗျာ "
"မင်း..! "
"ဘာလဲ အဖြေပေးတော့မလို့လား "
"ပေးစရာလား "
YOU ARE READING
I don't want to loose you
Fanfictionကျွန်တော်ဘယ်လောက်ထိချစ်ကြောင်းအကိုယုံတဲ့ထိသက်သေပြပါ့မယ် ကျွန်တော်အကို့ကိုအဆုံးရှုံးမခံနိုင်ဘူး ( NI-KI) မင်းကငါ့ဘက်ပါမဲ့ ငါ့ကံကြမ္မာလေးဖြစ်ပေးနိုင်မလား (Sunghoon)