ဆောင်ဟွန်း ဥက္ကဌကြီးရဲ့ရုံးခန်းထဲသို့ ဝင်မဝင်ကို အခန်းရှေ့မှာ ရပ်ပြီး ချိတုံချတုံဖြစ်နေသည်။ အမှန်တိုင်းပြောရရင် သူဘယ်လိုမှ မတတ်နိုင်သည့် ဒီအခြေအနေကို ဘယ်လိုကျော်ဖြတ်ရမှန်းမသိခဲ့။ ရီခီကိုလေ သူ့ဘဝတခုလုံးနဲ့လဲပြီးချစ်နိုင်သည်။ သူသာလက်လွှတ်ပေးလိုက်ရင် ရီခီဘဝက ပိုပြီးပျော်ရွှင်မှာ ။သူ့လိုအချစ်တခုသာပေးနိုင်သည့်လူတွင် ရီခီ အတွက် ဘာကိုမှ စိတ်ချမ်းသာအောင်ထားနိုင်မှာမဟုတ်ဘူး။ အချစ်ကအရာရာကိုပြီးပြည့်စုံအောင်လုပ်နိုင်တာမှမဟုတ်တာ ။ ကိုယ်ချစ်တဲ့လူဘဝ သာယာပျော်ရွှင်နေတယ်ဆိုရင် ကိုယ်က ဘာပဲဖြစ်ရဖြစ်ရ ရီခီသာမထိခိုက်မနာကျင်ဘူးဆိုရင် လက်လွှတ်ပေးလိုက်မည့် သူ့အတွက်နောင်တရစရာမရှိတော့ပေ။ ကိုယ်မင်းကိုချစ်ခဲ့ပါတယ် ချစ်ခဲ့တာမှ ကိုယ့်အသက်ထက်ကိုမြတ်နိုးပြီး ချစ်ခဲ့ရပါတယ် ရီခီ။
နောက်ဆုံးတွင်ဆောင်ဟွန်း ဥက္ကဌကြီး၏ရုံးခန်းထဲသို့ တံခါးခေါက်ပြီးဝင်သွားလိုက်သည်။ ဥက္ကဌကြီးကသူလာတော့ လုပ်လက်စအလုပ်များကိုရပ်ကာ ထိုင်ခုံတွင် ထိုင်စေလိုက်သည်။"ဘယ်လိုလဲ ဆုံးဖြတ်ပြီးသွားပြီလား "
"ဟုတ်ကဲ့ပါ ကျွန်တော်သေချာဆုံးဖြတ်ပြီးပါပြီ အန်ကယ် "
"အင်း အဲ့တော့ အဖြေက ဘာတဲ့လဲ "
"ကျွန်တော် ထွက်သွားပေးပါ့မယ် အန်ကယ် "
"ကောင်းပြီ အဲ့တာဆို အန်ကယ် စီစဉ်ထားတဲ့အတိုင်းအကုန်လုပ်ဖို့အတွင်းရေးမှူးကို ပြောလိုက်မယ် ။ မင်းသေချာဆုံးဖြတ်နိုင်တာပဲ ကောင်းတယ် "
ဥက္ကဌကြီးက ခေါင်းတညိတ်ညိတ်နဲ့ သူလိုချင်တဲ့အဖြေကို ကျွန်တော်က ကွက်တိပြောချလိုက်သလို မျိုးမို့ စိတ်အေးသွားဟန်နဲ့တူပါတယ်။ တကယ်က ကျွန်တော်အရာအားလုံးထက် ရီခီကိုပဲတွေးပေးခဲ့တယ်ဆိုတာ အန်ကယ်သိကောင်းပါရဲ့ ။
"ကျွန်တော်တခုတောင်းဆိုစရာရှိပါတယ် အန်ကယ် "
"ပြောပါ ဆောင်ဟွန်း "
"ကျွန်တော် ဒီကနေထွက်သွားရင် ကျွန်တော်ရှိမဲ့နေရာကို ရီခီကို အသိမပေးပါနဲ့ ကျွန်တော် ရီခီနဲ့လမ်းခွဲပြီးတာနဲ့ တန်းထွက်သွားပါ့မယ်။ အန်ကယ်က ကျွန်တော်ကို ကတိပေးနိုင်မလား ရီခီ ကျွန်တော်ကို ဘယ်လိုမှ ရှာလို့မရအောင်။ သူ့အမြင်မှာ ကျွန်တော့်ကိုမကောင်းမြင်သွားလဲ ကိစ္စမရှိပါဘူးအန်ကယ်။ ကျွန်တော်အကြောင်းတွေအကုန်လျှို့ဝှက်ထားပေးလို့ရမလား "
YOU ARE READING
I don't want to loose you
Fanfictionကျွန်တော်ဘယ်လောက်ထိချစ်ကြောင်းအကိုယုံတဲ့ထိသက်သေပြပါ့မယ် ကျွန်တော်အကို့ကိုအဆုံးရှုံးမခံနိုင်ဘူး ( NI-KI) မင်းကငါ့ဘက်ပါမဲ့ ငါ့ကံကြမ္မာလေးဖြစ်ပေးနိုင်မလား (Sunghoon)