Part 27

173 29 0
                                    

ကျောင်းဖွင့်ကာလသို့ပြန်ရောက်တော့မျှော်လင့်ထားသည့်အတိုင်းပင် ဆောင်ဟွန်းက Seoul national University က business major ကိုဝင်ခွင့်ရသည်။ ဝင်ခွင့် results ကိုကြည့်တုန်းကဆို ဆောင်ဟွန်းမကြည့်ရဲခဲ့ ။  ကျောင်းကဝင်ခွင့်ရပါသည်ဆိုတာကိုမြင်တော့ ဆောင်ဟွန်း တယောက် ငိုသဖြင့် ရီခီ မနည်းချော့လိုက်ရသေးသည်။ ထို့နောက် ဆောင်ဟွန်းမိဘများကိုပါ အသိပေးတော့ ဆောင်ဟွန်းမိဘများကလည်း ဝမ်းသာလုံးစို့ပြီးငိုကြသည်။ ရီခီ သိလိုက်ရတာနောက်တခုက “ကိုကို အငိုသန်တာကလည်းမိဘမျိုးရိုးလိုက်တာဖြစ်ရမည်။”

(Seoul national University ကို SNU လို့အတိုကောက်သုံးပါမည်။ )

ဆောင်ဟွန်းတို့ကျောင်းမှ SNUသို့ဝင်ခွင့်ရတာကလည်း ဆောင်ဟွန်းတယောက်ထဲဖြစ်တာမို့ ကျောင်းတွင်နာမည်ကြီးနေသည်။ကျောင်းအုပ်ကလည်းဂုဏ်ပြုညစာကျွေးချင်ပါသည်။ထို့နောက် ပညာသင်စရိတ်ထောက်ပံ့သူ ကျောင်းတည်ထောင်သူတွေနှင့်လည်းတွေ့ဆုံရမည်ဟုပြောသောကြောင့် ဆောင်ဟွန်း အနည်းငယ်ကြည့်ကောင်းမည့်ပုံမျိုးသာ ဝတ်လာလိုက်သည်။  ကိုယ့်အား ပညာသင်ထောက်ပံ့ဆုပေးသည့် လူကိုလည်းအခုမှစတွေ့ရမှာမို့ရင်ခုန်နေသည်။ ရီခီကလည်း ဒီနေ့မှ ကိစ္စရှိ‌သည်ဆို သောကြောင့်သူနဲ့အတူလိုက်မလာနိုင် ။ ထို့ကြောင့် ဆောင်ဟွန်းတယောက်တည်းအလွန် စိတ်လှုပ်ရှားနေသည် ။ 

လက်ကနာရီကိုကြည့်လိုက်တော့ ချိန်းဆိုထားသည့် အချိန်ရောက်ခါနီးပြီမို့ ဆောင်ဟွန်းစိတ်ဆုံးဖြတ်ကာ ခန်းမထဲသို့ ဝင်လိုက်သည်။ ခန်းမထဲတွင်ကျောင်းမှတာဝန်ရှိသူတချို့နှင့် ဆရာ ဆရာမအချို့ကို တွေ့လိုက်ရသည်။ ကျောင်းအုပ်ကြီးက ဆောင်ဟွန်းဝင်လာသည်ကိုမြင်တော့ ဆောင်ဟွန်း၏အတန်းပိုင်ဖြစ်သူကို မေးဆတ်ပြလိုက်တော့ ဆရာမကအပြေးလေးလာခေါ်ရှာသည်။ ထို့နောက်နေရာထိုင်ခန်းစီစဉ်ပေးကာ သူနှင့်အတူတူထိုင်စေသည်။

"သား ဂုဏ်ယူပါတယ်နော် "

"ကျေးဇူးပါ တီချယ်"

ထို့နောက် ခဏအကြာ ခန်းမထဲသို့ အဓိကအရေးပါသည့် လူအုပ်စုကဝင်လာတဲ့အချိန်မှာ ခန်းမထဲရှိလူများအကုန်လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ "ဥက္ကဌ ကြီးတို့လာပြီ !! " ဘေးက တချို့ကသတိပေးသလို အသံပြုတော့အကုန်နေရာမှထကာ ခန်းမတံခါးကိုကြည့်နေကြသည်။  ထို့နောက် ဥက္ကဌကြီးဆိုသူက ဝင်လာတော့အကုန်လုံးကအလေးပြုကြသည်။ ဆောင်ဟွန်းကလည်းအများနည်းတူ အရိုအသေပြုလိုက်သည်။  ဘေးကဆရာမက

I don't want to loose you Where stories live. Discover now