Part 17

156 29 1
                                    

ရီခီ စာမေးပွဲခန်းတွင် ခါတိုင်းလိုကူးချခြင်းမရှိပဲ ဖြေနေသည်ကိုမြင်တော့ အခန်း စောင့်ဆရာမတွေ ကနေ တဆင့်စကားတဆင့်နား မှ ကျောင်းအုပ်ကြီးဆီသို့ရောက်သွားသည်။ ထိုမှတဆင့် ရီခီ၏ဖခင်ဖြစ်သူ Kenji  ထံပါ သတင်းရောက်သွားသည်။ kenji အတွက် သူ့သားအ ကြောင်း သူသိသည့်စဉ်းစားလေးတခုဖြစ်ခဲ့ပြီ။ ဘယ်အရာတွေကများ နီရှီမူရာရီခီအတွက် အချိုးပြောင်းစရာများဖြစ်ခဲ့ပြီလဲ။

စာမေးပွဲပြီးလို့ အခန်းအသီးသီးမှလူတွေထွက်လာသည်။ ထို့အတူရီခီလည်း takiနဲ့အတူ  Canteen ဘက်ကို ထွက်လာခဲ့သည်။

"ရီခီ မင်း ဖြေနိုင်လား "

" Minorပါကွာ "

"လေးစားတယ်ဗျာ "  takiက အလေးပြုတဲ့ပုံဖြင့်နဖူးပေါ်လက်တင်ကာ ပြောလာသည်။

Canteen ရောက်တော့ မုန့်ဝယ်နေတဲ့ ဆောင်ဟွန်းကိုတွေ့သည်။ ဆောင်ဟွန်းဘေးတွင်တော့ မြင်နေကျအတိုင်း လေးငါးယောက်အနည်းဆုံးရှိသည်။

"တော်တော်လူချစ်လူခင်ပေါတဲ့လူပဲ"
ရီခီကပြောလိုက်တော့ takiက "ဘယ်သူလဲ "

ဟိုမှာလေ ဆောင်ဟွန်းရှိရာသို့ညွှန်ပြလိုက်သည်။

"ပေါမှာပေါ့ကွ ရုပ်ရည်နဲ့ စိတ်ထားကိုပဲကြည့်လေ အဲ့တာကြောင့်မင်းတောင် ချစ်သွားတာမလား "

"အဟွန်း ‌ဟုတ်လောက်မယ် "

"အံမယ် ဒါမျိုးကျ သားလေးကမငြင်းတော့ဘူးနော်အရင်ကလို "

"အကန့်လေးတွေရှိတယ်လေကွာ "

"မင်းကြိုက်နေတာ စီနီယာဆောင်ဟွန်း သိပြီလား "

"မသိသေးဘူး "

"ဘယ်တော့ဖွင့်ပြောမှာလဲ "

"မကြာခင်ပေါ့"

"ကြာရင်မကောင်းဘူး နော် သူများလုသွားအုန်းမယ် စီနီယာဆောင်ဟွန်းကဒီလောက်ချောတာ "

"ဘယ်သူကလာလုရဲမှာလဲ နီရီမူရာရီခီ ရဲ့အပိုင် ကို လာလုရရဲရင်လုကြည့်လိုက်စမ်းပါ "

"ငါကစကားအဖြစ်ပြောတာပါကွာ ။ ဟိုမှာ မင်းဆီ စီနီယာ ဆောင်ဟွန်းလာနေပြီ ငါအအေးသွားဝယ်လိုက်အုန်းမယ်"

I don't want to loose you Where stories live. Discover now