Part 8

180 29 0
                                    

ရီခီ မနက်အစောကြီးနိုးနေသည်။ အကြောင်းမှာ ဆောင်ဟွန်းအိမ်ကိုသူမနက်လာမည်ဟုပြောထားသောကြောင့် ပြင်ဆင်နေခြင်းဖြစ်သည်။ သေသပ်စွာညှပ်ထားသည့် undercut ကို ဂျယ်သုံးကာ ပုံသွင်းလိုက်ပြီး ကျောင်းဝတ်စုံကို အပေါ်မှ ဂျာကင်အမဲထပ်ဝတ်လိုက်သည်။ လုံးဝပြီးပြည့်စုံသွားပြီ မှန်ကို အထပ်ထပ်အခါခါ အပြန်အလှန်ကြည့်ပြီးမှ အခန်းထဲက ထွက်လာလိုက်သည်။မနက်စာကို လဲ ဆောင်ဟွန်း နဲ့တူတူစား မည်ဟုတွေးကာ ဆင်းလာစဉ် ထမင်းစားခန်းရှေ့ဖြတ်တော့ ဒယ်ဒီက ထမင်းစားခန်းထဲမဇလှမ်းခေါ်သည်။

"ရီခီ ဒယ်ဒီပြောစရာရှိလို့ ခဏလာအုန်း"

ရီခီ ခေါင်းတချက်ညိတ်ပြကာထမင်းစားခန်းထဲသို့ဝင်လိုက်ပြီးခုံယူထိုင်လိုက်သည်။

"သားလေး မနက်စာစားတော့မလား မာမီ ပြင်လိုက်မယ်လေတခါထဲ"

"သားမစားတော့ဘူးမာမီ။ သူငယ်ချင်းနဲ့ချိန်းထားလို့"

"အေးပါ အေးပါ"

ကော်ဖီသောက်နေတဲ့ဒယ်ဒီက သောက်လက်စကော်ဖီခွက်ကိုချကာ"သား ကိုပြောစရာရှိလို့"

"ဟုတ်ပြောပါ ဒယ်ဒီ"

"Sakura အဖေကဒယ်ဒီတို့ ကို ညစာစားပွဲဖိတ်ထားတယ်ဆို "

"အာ ဟုတ်သား သားပြောဖို့မေ့နေတာဒယ်ဒီ"

"ကဲ ထားပါ အဲ့တာ သဘက်ခါသွားရမယ်။ သားပါလိုက်ခဲ့ရမယ်"

"မာမီနဲ့ပဲသွားလို့မရဘူးလားဒယ်ဒီ။ သားမအားလို့"

"ဟိုမှာ အလုပ်ကိစ္စ တွေပါတိုင်ပင်မှာသား၊ သားနောက်လဲ လုပ်ရမဲ့အလုပ်တွေမို့အတွေ့အကြုံရအောင်လိုက်ခဲ့ရမယ်"

"သားကအခုမှအထက်တန်းပဲရှိသေးတယ်လေ ဒယ်ဒီ"

"ဒါပေမဲ့ မင်းလေ့လာထားရမဲ့ အကြောင်းအရာတွေမို့ ဒယ်ဒီလိုက်ခဲ့ဖို့ခေါ်နေတာသား...."

"ကျွန်တော်အဲ့တာတွေ မလုပ်ချင်သေးဘူးဒယ်ဒီ။ သားအေးဆေးပဲနေချင်သေးတယ်"

"မရဘူးသား...။ သား ဒယ်ဒီကို စိတ်မပျက်စေရဘူးလို့ပဲဒယ်ဒီ သဘောထားမယ်။ အဲ့တော့ သဘက်ခါ ညနေပိုင်းရှိသမျှကိစ္စအကုန်ရှင်းထား။ ကျောင်းကပေးမဆင်းဘူးဆိုလည်း ဒယ်ဒီကျောင်းကို လှမ်းဆက်ထားမယ်။ ဘာပြောစရာသေးလဲ သား"

I don't want to loose you Where stories live. Discover now