ကျောင်းကအပြန်တွင် ရီခီအားဆောင်ဟွန်းက
"ရီခီ စာမေးပွဲကနီးလာပြီနော် မင်းစာတွေရောလုပ်ရဲ့လား "
"မလုပ်ချင်ဘူး "
"မလုပ်လို့မရဘူးလေ "
"ကျွန်တော်မှစိတ်မဝင်စားတာ "
"ဟ ဒါဆိုဘာလို့ သင်နေတာလဲ"
"ဒယ်ဒီထား လို့ "
ဆောင်ဟွန်း ခေါင်းသာအကြိမ်ကြိမ်ခါမိတော့သည်။ ပြီးမှသာဆက်ပြီး
"စာကမလုပ်လို့မရဘူးလေ ဒီလိုလုပ်မင်းစာလုပ်တဲ့ချိန် နားမလည်တာတွေရှိရင် ကိုယ့်ကိုလာမေး "
"အကိုပဲစာလုပ်ပါ
အကိုကစာတော်တယ်ကြားတယ်""မင်းက ကိုယ်နဲ့ပေါင်းပြီး စာမလုပ်ဘူးဆို ကိုယ့်ကကောင်းပါ့မလား"
"ဘာဆိုင်လို့လဲ အကိုကအကိုလေ ကျွန်တော်ကကျွန်တော်ပဲကို "
"မဟုတ်ဘူးလေ အချင်းချင်းခင်မင်ပြောဆိုဆက်ဆံပြီဆို လူတွေက သူကဒီလိုဆိုသူ နဲ့ပေါင်းတဲ့လူကလည်းလိုပဲနေမှာပေါ့ ထင်ကြေးပေးတတ်ကြတယ်တဲ့ အဲ့တော့တယောက် တော်တယ်ဆို သူနဲ့ပေါင်းတဲ့လူကိုပါ တော်တယ်ထင်ကြတာလေ ၊ မင်းကအခုစာမလုပ်တော့ မင်းကိုကိုယ်က သိရဲ့သားနဲ့မသွန်သင်ဘူးဖြစ်မယ်လေ ။ ကိုယ့်ကိုမကောင်းတဲ့လူလို့မြင်ကုန်မှာပေါ့"
"ဂရုမစိုက်ပါဘူး"
"မင်းက ကိုယ်ကိုကန့်လန့်တိုက်နေတာလား"
ဆောင်ဟွန်းကပြောလာတော့ ရီခီက ပြာပြာသလဲထငြင်းတော့သည်။
"အဲ့လိုမဟုတ်ဘူး လေ ။ ကျွန်တော်ပြောချင်တာက "
"ရပြီ မပြောနဲ့ ကိုယ်ကမင်းကိုကောင်းစေချင်လို့ပြောတာ ဒါပေမဲ့မင်းကမှလက်မခံတာ ကိုယ်အတင်းမပြောတော့ဘူး။ မင်းစိတ်ရှိတိုင်းမင်းနေပါ။ ကိုယ်အရမ်းစွက်ဖက်သလိုဖြစ်သွားတယ် ဆောရီးကွာ " မျက်နှာငယ်လေးနှင့်ပြောလာသည်။
"အကို မဟုတ်ဘူး မဟုတ်ဘူးလို့ "
"အင်းပါ ကိုယ်နားလည်တယ် ရော့မင်း
ဦးထုတ်မင်းပြန်ယူတော့"
YOU ARE READING
I don't want to loose you
Fanfictionကျွန်တော်ဘယ်လောက်ထိချစ်ကြောင်းအကိုယုံတဲ့ထိသက်သေပြပါ့မယ် ကျွန်တော်အကို့ကိုအဆုံးရှုံးမခံနိုင်ဘူး ( NI-KI) မင်းကငါ့ဘက်ပါမဲ့ ငါ့ကံကြမ္မာလေးဖြစ်ပေးနိုင်မလား (Sunghoon)