part 29

176 24 0
                                    

ဟီဆွန်း အတွက်ကံကြမ္မာ က အခွင့်အရေးပေးသည့်အလား သူ့ရဲ့ဖြူဖြူလွှလွှကောင်လေးက သူ့ဂျူနီယာ အဖြစ် ကျောင်းမိတ်ဆက်ပွဲတွေ့လိုက်ရသည်။ လူအများကြားတွင်ထိုကောင်လေးကထင်ပေါ်သည့်ရုပ်ရည်မျိုးရှိကာ လူတွေနဲ့အလိုက်အသင့်ပေါင်းသင်းဆက်ဆံတတ်သည့်ပုံပင်။  တခါတရံရီလိုက်ရင်ပေါ်ပေါ်သွားတတ်သည့် သွားအစွယ်လေးတွေကအစ ဟီဆွန်းအတွက်သဘောကျစရာကောင်းလှသည်။ အခုလည်း ဘေးကကောင်လေးနှင့်ဘာတွေပြောကာသဘောကျနေလည်းမသိ ဟီဆွန်းအမြင်တွင် ချစ်စရာကောင်းလွန်းလှသည်။ ကိုယ်မင်းကိုဒီတခေါက်ပိုင်ဆိုင်ခွင့်ရနိုင်ပါ့မလား ကောင်လေး.... ။

ဂျူနီယာတွေနဲ့ မိတ်ဆက်ပေးပြီးအခန်းထဲကပြန်ထွက်လာကြတော့ ဂျုံးဆောင်းက "ဟီဆွန်းဟျောင်း အခုနက  ဂျူနီယာလေးတွေကြည့်ရချည်လား ဘာလဲ အကြိုက်တွေ့ပြီးရည်းစားထားတော့မလို့လား " ဘေးက ဂျုံဆောင်းက ဟီဆွန်းအား ပြောလာတော့

"ဂျုံးဆောင်း မင်း ဟိုနားမှာထိုင်နေတဲ့ ကောင်လေးနာမည်ကိုသိလား " ဟီဆွန်း ဆောင်ဟွန်းထိုင်နေရာနေရာသို့ ကြည့်ရင်းပြောတော့
"အဲ့တယောက်က ပတ်ဆောင်ဟွန်းတဲ့ ဘေးက ရှင်းမ်းဂျယ်ယွန်း "

"မင်းကသိလှချည်လား "

"ကျွန်တော်ကိုတာဝန်ပေးထားတဲ့ teamက ဂျူနီယာ လေးတွေလေ ဟျောင်းရ "

"ဒါဆိုမင်းငါနဲ့ နေရာလဲပေးလို့ရမလား ဂျုံဆောင်း "

"ဟျောင်း တကယ်ကြီးလား "

"အင်း... ငါ့အတွက်က 60%လောက် chance ရှိမယ်ထင်တာပဲ "

"ကျွန်တော်တို့နှစ်က ကင်းက ဒီလောက်ပဲမျှော်လင့်ထားရလား အရင်လို confidence ရှိရှိ ‌100%လောက်လုပ်ပါဟျောင်းရ"

"တချို့သေချာမသိရသေးတဲ့ကိစ္စလေးတွေရှိလို့ပါကွာ ။ လဲပေးမှာလား "

"ဟျောင်းကအဲ့လောက်ဖြစ်နေမှတော့မလဲပေးစရာလား ဟျောင်း သဘော ၊ လဲဆို လဲပေးမယ် "

"ကျေးဇူးပဲ နောက်မှတဝိုင်း "

"အိုကေဗျာ ရော့ဒီမှာ သူတို့ register formတွေ " ဂျုံဆောင်းနှင့် formတွေကိုလဲ ပေးပြီးနောက် ထွက်လာကြသည်။

I don't want to loose you Where stories live. Discover now