ကျောင်းတွေလည်းပုံမှန် ပြန်တက်တဲ့အချိန်ကာလရောက်ပြီဖြစ်သောကြောင့် ရီခီကလည်း အထက်တန်းနောက်ဆုံးနှစ်ကိုတက်နေသလို ဆောင်ဟွန်းကလည်း တက္ကသိုလ်ပထမနှစ်ကို စတင်တက်ရောက်နေပြီဖြစ်သည်။ ဆောင်ဟွန်းက နေအိမ်နှင့်ကျောင်းကအလှမ်းဝေးသောကြောင့် ကျောင်းနှင့်နီးသည့် အဆောင်ကိုပြောင်းရွှေ့နေထိုင်သည်။ ရီခီက လည်း ဆောင်ဟွန်းအိမ်သစ်သို့မကြာခဏဆိုသလို လာလာနေပြီး စနေတနင်္ဂနွေလိုရက်များတွင်တော့ ညအိပ်တတ်သည်။ အရင်ကလောက်မတွေ့ရဘူးဆိုပေမဲ့ အားလပ်ရက်ဖြစ်စေ နှစ်ယောက်လုံးအားသည့်အချိန်တွင် အပြင်သို့သိပ်မထွက်ဖြစ်ကြပဲ အိမ်ထဲ၌သာ အချိန်ဖြုန်းကြသည်။
ဆောင်ဟွန်း၏ကျောင်းစတက်ရက်တွင်တော့ major welcome ရှိသည်မို့ ခပ်စောစောလေးထွက်လာလိုက်သည်။ ကျောင်းသို့ရောက်တော့ ကျောင်း မုဒ်ဦးကိုကြည့်ကာ ပြုံးလိုက်သည်။ သူဘယ်လောက်တောင်မှတက်ချင်ခဲ့ရတဲ့ တက္ကသိုလ်ကြီးလဲ ။ သူ့အိမ်မက်တွေကလည်းနီးသထက်နီးလာပြီဆိုတဲ့အတွေးကြောင့် ရင်ထဲအတိုင်းမသိပျော်ရွှင်ရသည်။မေဂျာရှိရာအခန်းကိုရှာရင်း business department ဆိုတဲ့ဆိုင်းဘုတ်ရှိတာအဆောက်အဦထဲသို့ ဝင်လိုက်စဉ် သူ့စိတ်အစဉ်ကတက်ကြွနေသည်။ ဆောင်ဟွန်း အခန်းထဲသို့ဝင်လိုက်တော့ အရင်ရောက်နှင့်နေပြီဖြစ်တဲ့ လူအုပ်ကြီးကဝိုင်းကြည့်နေသည်။
"ဟဲ့ ချောလိုက်တာ "
"ငါတော့ဒီမေဂျာတက်တာမှန်သွားပြီထင်တယ် "
"ဒီလိုရုပ်ရည်မျိုးက idol ဖြစ်သင့်တာမဟုတ်ဘူးလား "
"အကောင့်သွားတောင်းမယ် "
ဆောင်ဟွန်း ကိုတယောက်တပေါက် အမျိုးမျိုးချီးကျူးခန်းဖွင့်နေကြသော ကျောင်းသူတအုပ်ကိုဆောင်ဟွန်းကျော်ကာ နေရာလွတ်သည့်ထိုင်ခုံတွင်ထိုင်လိုက်သည်။ သူ့ဘေးတွင်တော့ ဆံပင်အဝါရောင် လေးနဲ့ကောင်လေးတယောက်ကထိုင်နေသည်။ ဆောင်ဟွန်းကိုလှည့်ကြည့်ကာ ပြုံးပြလာတော့ ဆောင်ဟွန်းလည်း အသိအမှတ်ပြုကာ ပြန်ပြုံးပြလိုက်သည်။ ထို့နောက် ဆံပင်အဝါရောင်ကောင်လေးကပဲ သူ့အားစတင်မိတ်ဆက်သည်။
YOU ARE READING
I don't want to loose you
Fiksi Penggemarကျွန်တော်ဘယ်လောက်ထိချစ်ကြောင်းအကိုယုံတဲ့ထိသက်သေပြပါ့မယ် ကျွန်တော်အကို့ကိုအဆုံးရှုံးမခံနိုင်ဘူး ( NI-KI) မင်းကငါ့ဘက်ပါမဲ့ ငါ့ကံကြမ္မာလေးဖြစ်ပေးနိုင်မလား (Sunghoon)