Part -20

184 31 0
                                    

"ဟယ်လို သား"

"ဟုတ်ကဲ့ ဒယ်ဒီ"

"သားကိုအိမ်မှာမတွေ့လို့ ဘယ်နေ့အိမ်ပြန်လာမှာလဲသား ။ဒယ်ဒီမင်းနဲ့ပြောစရာရှိလို့ "

"ဟုတ်သား ဒီနေ့ ကျောင်းဆင်းတာနဲ့ပြန်လာမှာ ဒယ်ဒီ"

"အင်းအဲ့တာဆို အိမ်မဝင်ပဲ ကုမ္ပဏီကိုခဏဝင်ခဲ့ "

"ဟုတ်ကဲ့ ဒယ်ဒီ"

ရီခီ ဒီနေ့တော့ အိမ်ကိုပြန်မှဖြစ်တော့မည်။ဖြစ်နိုင်ရင် နေချင်သေးပေမဲ့ လုပ်စရာတွေကရှိနေသည်မို့ ပြန်လိုက်တာအကောင်းဆုံးပဲဖြစ်မည်။ Sakura နဲ့ ဆောင်ဟွန်းဟျောင်း နှစ်ယောက်ထဲရှိနေမှာကိုလည်းပူစရာမလိုတော့သည်မို့ အဆင်ပြေသည်။
ဆောင်ဟွန်းဟျောင်းကို စာပို့လိုက်သည်။

"အကို ညနေကျ လာမကြိုတော့ဘူးနော် သွားစရာရှိလို့  အဲ့ကနေအိမ်ပဲတန်းပြန်‌ေတာ့ လိုက်မယ်။ အဝတ်တွေကတော့ နောက်ကြုံမှယူတော့မယ် "

ဆောင်ဟွန်း စာသင်ခန်းထဲထိုင်နေတုန်း message တခုဝင်လာသည်။ ကြည့်လိုက်တော့ ရီခီဆီက ။ ဖတ်ပြီး ပြတင်းပေါက်အပြင်ကိုသာ ခပ်ငေးငေးကြည့်နေမိသည်။ သူ့တွင် တွေးစရာတွေများလွန်းနေသည်။
ထိုအချိန်မှာပဲ Sakura က

"ဆောင်ဟွန်း"

"...."

"ဆောင်ဟွန်း လို့ " သူ့ငေးကြည့်နေတဲ့ပြတင်းပေါက်ကို ကွယ်ကာရပ်ပြီးနောက်တကြိမ်ခေါ်လိုက်မှ

"Sakura"

"ဘာတွေတွေးနေတာလဲ ဆောင်ဟွန်းရ နင့်ကြည့်ရတာမှိုင်လိုက်တာ နေမကောင်းဘူးလား "

"မဟုတ်ပါဘူး နင်ဘာစာ မေးမလို့လဲ"

"ဘာစာ မှမမေးပါဘူး ဟ နင်ကလည်းငါ့ကိုမြင်တာနဲ့စာမေးမယ်ပဲထင် နေတာလား"

"မဟုတ်ပါဘူး "

"ဒါဆိုဘာလို့ထင်တာလဲ "

"ဘာမှမထင်ပါဘူး "

"အေးပါ ငါလည်းစတာပါ ငါပြောစရာရှိလို့ "

"ဘာလဲ ပြောလေ "

"မနက်ဖြန် ငါ ပစ္စည်းတခုဝယ်စရာရှိလို့လိုက်ခဲ့ပေးပါလား ။ "

"ငါအလုပ် ရှိတယ်လေ Sakura "

"ခဏလေးပဲလေ "

"မရလောက်ဘူးထင်တယ်အရေးကြီးလို့လား "

I don't want to loose you Where stories live. Discover now