ဆောင်ဟွန်းက ဟီဆွန်းရဲ့ဂျူနီယာ ဖြစ်လာသည်နှင့်အမျှ တချိန်ထဲတွင် kingဖြစ်ခဲ့ဖူးသော သူတို့၏စီနီယာ ဟီဆွန်းက က ဘယ်ဂျူနီယာကိုမှ အလေးမပေးဘူးတဲ့အပြင် ရည်းစားကိစ္စနှင့်ပတ်သတ်၍လည်း အခြေငြိမ်သောကြောင့် ယခု ဆောင်ဟွန်းတို့ နှစ်မှဟာ စီနီယာကို ဆောင်ဟွန်းနှင့်အမြဲလိုလိုတွဲတွေ့ရတဲ့အပြင် ၂ယောက်လုံးရဲ့ ရုပ်ရည်အသွင်အပြင်အရလိုက်ဖက်လွန်းလှသည်ဆိုပြီး တွဲစေချင်ကြတဲ့လူတွေက တပုံကြီးဖြစ်သည်။ ဟီဆွန်း၏ ဆောင်ဟွန်းပေါ် အလေးပေးဆက်ဆံသောတချို့အပြုအမူများကို တချို့ကလည်း သတိထားမိသည်။ သူတို့၂ယောက်အားတွဲစေချင်ကြသည်မှာ သူတို့ department တခုလုံးပင်ဖြစ်သည်။ ထိုအကြောင်းကိုလည်း ကာယကံရှင်ဖြစ်ကြသည့် ဟီဆွန်းနဲ့ ဆောင်ဟွန်းတို့လည်းရိပ်မိကြသည်။ ဆောင်ဟွန်း တွင်ရည်းစားရှိသည်ဆိုတာကိုလည်း ဟိုတခါ ရီခီနဲ့ဒိတ်တုန်းကတင်ခဲ့သည့် ပုံတွေကြောင့်သာ လူတွေက စီနီယာ ဟီဆွန်းနှင့်သူ့အား ပေါ်ပေါ်ထင်ထင်မစရဲကြ တော့တာဖြစ်သည်။ တချို့သူငယ်ချင်းတွေက တော့ သွေးတိုးစမ်းသလိုလိုနှင့် သူ့တွင်ရည်းစားရှိမှန်းသိရဲ့သားနှင့် စီနီယာဟီဆွန်းနှင့်တွဲကြည့်ရန် ပြောတတ်ကြသည်။ ထိုအခါမျိုးတွင်သူအလိမ္မာသုံး၍သာရှောင်ဖြေဖြစ်သည်။ တကယ်ဆို စီနီယာနှင့်သူ့ကြားတွင် စီနီယာ ဂျူနီယာ ဆက်ဆံရေးကလွဲပြီး ဘာမှမရှိ ၊ သူကိုယ်တိုင်ကလည်း စီနီယာအပေါ်တွင် ဘာစိတ်မှမရှိ ၊ စီနီယာလည်းသူ့ကို ဂျူနီယာတယောက်အနေနဲ့ ကြည့်ရှူပေးတာကလွဲပြီးမရှိဟုသူထင်သည်။ ထို့ကြောင့်တခြားလူတွေအမြင်ကို ဆောင်ဟွန်း မသိချင်ယောင်သာဆောင်နေလိုက်သည်။မဟုတ်မမှန်တဲ့စကားတချို့နှင့်တော့ စီနီယာနှင့်လည်း အခင်မင်မပျက်ခဲ့ပေ။
"ဆောင်ဟွန်း ကဒီမှာကို ကိုယ်ကပတ်ရှာနေတာ "
ဆောင်ဟွန်းစာကြည့်တိုက်မှာ ထိုင်ရင်း assignment လုပ်နေစဉ် စီနီယာဟီဆွန်းက သူ့နားကခုံကို ခပ်တိုးတိုးလေးဆွဲကာထိုင်ရင်းပြောလိုက်သည် ။
"ဘာဖြစ်လို့လဲ စီနီယာ "
"ဆောင်ဟွန်း ညနေအတန်းရှိသေးလား "
YOU ARE READING
I don't want to loose you
Fanfictionကျွန်တော်ဘယ်လောက်ထိချစ်ကြောင်းအကိုယုံတဲ့ထိသက်သေပြပါ့မယ် ကျွန်တော်အကို့ကိုအဆုံးရှုံးမခံနိုင်ဘူး ( NI-KI) မင်းကငါ့ဘက်ပါမဲ့ ငါ့ကံကြမ္မာလေးဖြစ်ပေးနိုင်မလား (Sunghoon)