"နောက်ဆုံးနှစ်က စီနီယာဆောင်ဟွန်းက ရီခီ နဲ့ တွဲနေတယ်တဲ့ "
တကျောင်းလုံးတွင် ထိုသတင်းက Hot topic လိုဖြစ်နေသည်။ အတန်းတိုင်းတွင်လဲ သူတို့အကြောင်းကို ပြောနေကြသည်။ ယောင်္ကျားလေးနှစ်ယောက်တွဲနေသည်မှာအဆန်းမဟုတ်ပေမဲ့ ထူးဆန်းတာက တကျောင်းလုံးရဲ့စံပြဖြစ်တဲ့အပြင် ပညာသင်ဆုရထားတဲ့ပတ်ဆောင်ဟွန်းနဲ့ မိဘအရှိန်ဖြင့်ဆိုးချင်တိုင်းဆိုးနေသည့်တကျောင်းလုံး ရဲ့ သူဌေးသားလူဆိုး နီရှီမူရာ ရီခီ လေ။
"နင်တို့သိပြီးပြီလား"
"ငါတော့ ဆောင်ဟွန်းကို ဒီတသက်ရတော့မယ်မထင်ဘူး "
"ငါရဲ့ ကောင်လေး က တွဲမဲ့တွဲတော့ ရီခီလိုလူတဲ့ဟယ်"
"ဟဲ့ ငါ့ရီခီကဘာဖြစ်လို့လဲ"
"နင့်ရီခီကဆိုးတယ်လေ ငါတို့ဆောင်ဟွန်းက လူလိမ္မာစာတော်တဲ့ကျောင်းသားလေး "
"ရီခီက ဆိုးပေမဲ့ ချောတယ်လေ ဒီေလာက်ကြည့်ကောင်းတဲ့ ငါ့ကောင်လေးကို "
"နင့်ကောင်လေးမဟုတ်ပါဘူး ဆောင်ဟွန်းရဲ့ကောင်လေးပါ "
"ဘာဖြစ် မပြတ်တော့တာကြလို့ "
"ရီခီကိုကျော်ပြီး ဆောင်ဟွန်းကို လိုက်နိုင်မယ်ဆိုတဲ့အတွေးမျိုးလိုသာ နင်သင်္ချာစာမေးပွဲမှာ ထားရင် အမှတ်ပြည့်ရနေလောက်ပြီ "
"ဟဲ့ နင်တို့အကုန်တော်လိုက်တော့ မရနိုင်တဲ့လူတွေကို ဘာလို့ မှန်းနေကြတာလဲ သူတို့ချင်းကြိုက်နေကြပြီပဲကို "
YOU ARE READING
I don't want to loose you
Fanfictionကျွန်တော်ဘယ်လောက်ထိချစ်ကြောင်းအကိုယုံတဲ့ထိသက်သေပြပါ့မယ် ကျွန်တော်အကို့ကိုအဆုံးရှုံးမခံနိုင်ဘူး ( NI-KI) မင်းကငါ့ဘက်ပါမဲ့ ငါ့ကံကြမ္မာလေးဖြစ်ပေးနိုင်မလား (Sunghoon)