"ကိုကို "
ဆောင်ဟွန်းကန်တင်းတွင် ဂျယ်ယွန်းနဲ့ထမင်းစားနေတုန်း အသံကြားလို့မော့ကြည့်လိုက်တော့ ရီခီဖြစ်နေသည်။ ရှပ်အင်္ကျီအပြာစင်းကြားလေးကိုလက်ခေါက်ဝတ်ထားကာ မျက်နှာလေးကရှင်းသန့်နေသည်။ လက်ထဲတွင်လည်းနှင်းဆီအဖြူပန်းစည်းကိုကိုင်ထားသည်။သို့သော် ရီခီကိုသူစိတ်မပြေသေးပေ။
ရီခီက ဆောင်ဟွန်းထိုင် နေသည့်နား ထိ တိုးလာကာ
"ကိုကို လို့ "
"ဘာလာလုပ်တာလဲ "
"ကျွန်တော်ကိုမထိုင်ခိုင်းတော့ဘူးလားကိုကို "
ဟုတ်ပါရဲ့ဆောင်ဟွန်းပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ လူတွေက သူတို့နှစ်ယောက်ကိုဝိုင်းကြည့်နေကြသည်။ ဂျယ်ယွန်းကလည်းဘာအသံမှမပေးပဲ ရီခီကိုလိုက်ကြည့်နေသည်။
"လာ ကိုယ်နဲ့လိုက်ခဲ့ "
ဆောင်ဟွန်းလူရှင်းသည့်ကျောင်းဝန်းထဲကထိုင်ခုံတန်းလေးတွေကိုခေါ်လာသည်။ ထိုင်ခုံနားရောက်မှ ဆွဲထားသည့်လက်ကိုလွှတ်ချကာ
"ပြော ဘာလာလုပ်တာလဲ"
"ကျွန်တော်ကိုကို့ ကိုလာချော့တာ "
"...."
"ကျွန်တော်မှားသွားပါတယ်ကိုကို "
"နောက်မဖြစ်စေရဘူး လေကိုကို ကျွန်တော်ကိုကို ကို ချစ်လို့ ပါ "
လာတောင်းပန်သူကလည်း မျက်နှာငယ်လေးနဲ့ ယူလာတဲ့ နှင်းဆီအဖြူတွေကလည်း ခွင့်လွှတ်မှုကို တောင်းခံနေသည့်နှယ် ။ နီရှီမူရာတို့က အမှားလုပ်ပြီးရင် မျက်နှာငယ်နဲ့တောင်းပန်တတ်သေးတာပဲ။
"ကိုကိုပြောတာကို မင်းနားမလည်ရင် ကိုကိုတို့က အခုလိုတွေပြဿနာတက်နေရအုန်းမှာ ရီခီ ၊ မင်းသိလား ကိုကိုလည်းမင်းနဲ့ဘာမဟုတ်တာလေးတွေနဲ့ အခုလိုတွေမဖြစ်ချင်ဘူး အဲ့တာမင်းနားလည်ရဲ့လား ဟင် "
"ကျွန်တော်နားလည်ပါတယ် ကိုကို " တကယ့်မျက်နှာငယ်လေနဲ့ပြောသမျှကိုငြိမ်နားထောင်နေပြန်တော့ ကိုယ့်မှာလူဆိုးကြီးမလုပ်နိုင်တော့...
"လိမ္မာပါ ကိုယ့်ကလေးလေးရာ "
"အခုက ကိုကို ကျွန်တော့်ကိုစိတ်ဆိုးပြေပြီလား "
YOU ARE READING
I don't want to loose you
Fanfictionကျွန်တော်ဘယ်လောက်ထိချစ်ကြောင်းအကိုယုံတဲ့ထိသက်သေပြပါ့မယ် ကျွန်တော်အကို့ကိုအဆုံးရှုံးမခံနိုင်ဘူး ( NI-KI) မင်းကငါ့ဘက်ပါမဲ့ ငါ့ကံကြမ္မာလေးဖြစ်ပေးနိုင်မလား (Sunghoon)