Part (2)

6.5K 904 98
                                    

unicode

Taehyungသည် Jungkookထံကနေ မထင်မှတ်ထားမိသည့် အငြင်းစကားကြောင့် အတောင့်လိုက်ကြီးဖြစ်နေကာ ပတ်ဝန်းကျင်ဟာလည်း အသံတို့တိတ်ကျသွားသည်။

ငြင်းလိုက်တယ်?...

ဗိုလ်ချုပ်သားက တော်ဝင်မင်းသားလေးကို ငြင်းလိုက်တယ်!..
ဒါက အကုန်လုံးအတွက်တော့ သတင်းထူးကြီးဖြစ်သည်။

" ချပ်!...."

ပွဲကြည့်စင်ဘက်မှ ထိုသတင်းအတွက် ဓာတ်ပုံကို မိမိရရရိုက်ယူလိုက်ပါသည့် ကျောင်းသားတစ်ဦးကြောင့် Taehyungမှာ အသိစိတ်လေးဝင်သွားရသလို မျက်နှာကလည်းရဲခနဲဖြင့် ရှက်စိတ်တွေအလုံးအရင်းဝင်ရောက်လာသည်။

Jungkookကတော့ သူနှင့်မဆိုင်သလို တော်ဝင်မင်းသားလေးကိုမျက်နှာလွှဲလျက် သူ့သူငယ်ချင်းတွေရှိရာဘက် ကျောခိုင်းလျှောက်လှမ်းသွားခဲ့ပြီ။

သူတို့၏မြင်ကွင်းကို အတိုင်းသားမြင်နေကြားနေရသည့် ကျောင်းသားတွေဆီမှ တအံ့တသြအာမေဋိတ်များနှင့်အတူ ဖုန်းနှင့်တဖျတ်ဖျတ် ဓာတ်ပုံရိုက်ယူနေမှုများကြောင့် တော်ဝင်မင်းသားလေး၏သက်တော်စောင့်များမှာ တော်ဝင်မင်းသားလေးကိုအကာအကွယ်ပေးရန်အတွက် ခဏတွင်းချင်း အနားသို့ရောက်ရှိသွားကြကာ ဖုန်းနှင့်သတင်းမယူရန်တားမြစ်ကြပြီး တော်ဝင်မင်းသားလေးကိုခြံရံလျက် ခေါ်ထုတ်သွားကြကာ အခြေအနေက တကယ်ကိုရုတ်ရုတ်သဲသဲ။

ထိုအချိန်ထိ အားကစားခန်းမအတွင်းမှာ ဆူညံမှုများကအတောမသတ်နိုင်ဘဲ ရှိနေသေးသည်။

ပွဲဆူမှု၏အဓိကတရားခံဖြစ်သော Jeon Jungkookကတော့ သူနှင့်မဆိုင်သည့်အလား အေးအေးလူလူပင် ရေသန့်ဘူးမော့သောက်နေသေးလျှင် Cha Eunwoo၊ Kim Mingyu၊ Bam Bamတို့မှာ ပြောစရာစကားတောင် ပျောက်ရှသည်။

တကယ်ကို Jeon Jungkook၏ဆွဲဆောင်နိုင်မှုက လက်ဖျားခါလောက်သည်။ Kimဘုရင်၏သားတော်အငယ်ဆုံးလေး ရှားရှားပါးပါးMale Omegaဖြစ်သည့် တော်ဝင်မင်းသားအလှလေးကပါ Jeon Jungkookကို သဘောကျသည်တဲ့။

" ရား... Jeon Jungkook... မင်း ငြင်းလိုက်တဲ့သူက ဘယ်သူမှန်းတော့ မင်း...သိပါတယ်နော်...."

Royal: Omega's Love Story (Complete)Where stories live. Discover now