Part (24)

7.7K 1K 143
                                    

unicode

Taehyungသည် နူးညံ့စိုစွတ်သည့်အနမ်းတွေအောက်မှာ တုံ့ပြန်နိုင်စွမ်း ကင်းမဲ့လျက် အကြောင်သားလေးနှင့် Jungkook၏စိတ်ရှိလက်ရှိ အနမ်းတွေကိုခံယူနေရသည်။

အခုလက်ရှိ Taehyung၏ဦးခေါင်းထဲမှာ ဗလာကျင်းနေကာ သူဟာ အိပ်မက်ထဲတွင်များ မွေ့လျော်နေသည်များလားပင် ယောင်ယမ်း၍ အတွေးဝင်သွားသည်။

သို့ပေမယ့် နွေးထွေးစိုစွတ်နေသည့် သူ့နှုတ်ခမ်းသားတွေက Jungkookထံကနေ မွတ်မွတ်သိပ်သိပ် အနမ်းခံရသည်အား လက်တွေ့ခံစားနေရကာ အသက်တောင်ရှုမဝဖြစ်လာမှ Jungkookဆီက အနမ်းခံနေရသည်က အိပ်မက်မဟုတ်ဘဲ တကယ့်လက်တွေ့ဖြစ်နေမှန်း အတည်ပြုနိုင်ကာ မျက်လုံးလှလှလေးဟာ ပြူးပြူးပြာပြာ..။

Jungkookသည် မိနစ်ပိုင်းကူးသည်အထိ မင်းသားငယ်လေးကို တိုး၍တိုး၍ နမ်းရှိုက်နေမိကာ မရပ်ချင်ရပ်ချင်နှင့် အနမ်းတို့ကိုလက်စသတ်လိုက်ရသည်။ ရှည်ကြာသည့်အနမ်းယာဥ်ကြောနှင့် စိတ်လှုပ်ရှားနေမှုကြောင့် သူ့ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသလို သူ့အနမ်းကြောင့် မှင်သက်ဆွံ့အနေဆဲ မင်းသားငယ်လေးဟာလည်း သူအလွှတ်ပေးမှ အသက်ကိုဝဝရှုနိုင်သည်။

" ဟာ့......"

ဖူးယောင်ချင်နေသည့် အသည်းပုံသဏ္ဍာန်နှုတ်ခမ်းသားလေးက ခပ်ဟဟနှင့် အောက်ဆီဂျင်ကိုအလုအယက်ရှုသွင်းနေရသလို မျက်ဝန်းလှလှမှာ Jungkookကို အထိတ်တလန့်လေးကြည့်နေကာ ခြေမကိုင်မိလက်မကိုင်မိဟန်နှင့်။

Jungkookသည် သူ့အပြုအမူသူ ရှက်ရွံ့သွားသည်ဆိုသော်လည်း မင်းသားလေးကိုနမ်းလိုက်ရသည့်အတွက် ကျေနပ်သည်။ ရောင့်ရဲတင်းတိမ်ခြင်းတော့ မရှိသေးပေမယ့်လည်းပေါ့...။

" အဝတ်အစားလဲပြီးသွားရင်... ကျွန်တော့်အဆောင်ကို.. လာခဲ့ပေး..."

အသားဖြူသည်ကြောင့် နားရွက်ဖျားသာမက မျက်နှာနှင့် လက်ဖျံတွေဟာ နီရဲတွတ်နေသော်လည်း Jungkookသည် ထိုစကားကို ဟန်မပျက် ရုပ်တည်နှင့်ပင် ဆိုလိုက်ပြီးမှ မင်းသားငယ်လေးကို ကျောခိုင်းထွက်လာခဲ့သည်။

ယောင်နနလေး ကျန်ရစ်ခဲ့သောမင်းသားငယ်လေးဟာတော့ ပူထူနေသည့် မိမိ၏နှုတ်ခမ်းသားကို ကိုင်တွယ်မိသွားရင်း ပန်းပေါင်းစုံတို့မှာ ဖူးပွင့်သွားသလိုမျိုး ကောင်းကင်နောက်ခံတွင်လည်း မီးရှူးမီးပန်းတွေမှာ တဖွားဖွားပေါက်လာခဲ့ကာ ဘင်ခရာတီးဝိုင်းမှာလည်း သူ့ကိုလှည့်ပတ်ရင်းတီးခတ်အောင်ပွဲခံပေးနေသလိုမျိူး...။

Royal: Omega's Love Story (Complete)Where stories live. Discover now