Part (16)

7.6K 1K 141
                                    

unicode

Taehyungသည် ဒီဇိုင်နာက Taehyungဝတ်ဆင်ထားသည့်ဝတ်စုံကို စေ့စေ့စပ်စပ် စစ်ဆေးအကဲခတ်ပေးနေသည်ကိုခံယူရင်း Jungkookဘက်တော့ မသိမသာခိုးကြည့်ကာ အစောက Jungkook၏စကားကနားထဲစွဲနေဆဲပင်။

Jungkookကတော့ Taehyungကိုအာရုံမရောက်တော့ဘဲ အပိုအလိုမရှိသောဝတ်စုံကြောင့် ဒီဇိုင်နာ၏စစ်ဆေးပေးမှုကိုခံယူပြီးပြီဖြစ်ပြီး အေးအေးလူလူ ဖုန်းထိုင်သုံးနေသည်။

Taehyungရဲ့pheromoneအနံ့က Taehyungနဲ့လိုက်ဖက်တယ်ဆိုပြီးပြောသွားပေးတာ..။ ဒါက Taehyungကို အမွှမ်းတင်လိုက်တာပဲမဟုတ်ဘူးလား...။

Taehyungသည် Jungkookဆီကနေ စိတ်ဝင်စားမှုအနည်းငယ်လောက်ကို ရယူနိုင်ပြီလားအတွေးရောက်မိသည့်အခါ ကြည်နူးကျေနပ်စိတ်ကြောင့် နှုတ်ခမ်းပါးက ပြုံးတုံ့တုံ့။

" အရမ်းကြပ်နေတာလား.. မင်းသားလေး... ပြန်ပြင်..."

ဒီဇိုင်နာ၏စကားမဆုံးခင် Taehyungမှာ ကပျာကယာ မိမိ၏နှုတ်ခမ်းထက်လက်ညှိုးတင်ဟန်ပြုပြီး တိတ်တိတ်နေခိုင်းလိုက်လျှင် ဒီဇိုင်နာမှာလည်း သူ့ပါးစပ်သူစေ့ပိတ်ရသည်။

ပြီးမှ ဆိုဖာထက်တွင် ဖုန်းထိုင်သုံးနေသော ဗိုလ်ချုပ်သားဘက် မလုံမလဲအကဲခတ်ကာ သူ့ကို တီးတိုးအသံလေးနှင့်ဆိုလာသည့်မင်းသားလေး။

" ဝိတ်တက်လာလို့... ကြပ်သွားတာ.. ဝိတ်ပြန်လျှော့လိုက်မယ်နော်.. မပြင်ပေးနဲ့..."

" အာ... ဟုတ်ကဲ့...."

Taehyungသည် တောင်းဆိုမှုပြုလိုက်ပြီးမှ ခါးနှင့်တင်ပါးနားကြပ်ထုတ်နေသည့်ဘောင်းဘီလေးကို မသိမသာဆွဲချရသည်။
Jungkookနှင့်ကျ ဝတ်စုံကကွက်တိပင်ဖြစ်ပြီး အဖြူရောင်အသားရေနှင့် ဟပ်နေကာ အရမ်းကိုချောမောကြည့်ကောင်းလှသည်။ Taehyungပဲ အချိုးမကျဘဲ ဟိုကြပ်ဒီကြပ်ဖြစ်နေတာ...။

Taehyungက သူဝတ်ဆင်ထားသည့် ဝတ်စုံကိုအနည်းငယ်မြှောက်ကြည့်လိုက် ဆွဲချကြည့်လိုက်နှင့် ဝိတ်တက်လာသည့်နေရာတွေကို စစ်ဆေးနေစဥ် Jungkookက Taehyungရှိရာထံ ဖုန်းကိုချိန်လာခဲ့သည်။

" ချပ်......"

ဓာတ်ပုံရိုက်၍ထွက်ပေါ်လာသောအသံက သိသိသာသာဖြစ်၍ Taehyungမှာ အူလည်လည်လေးလှည့်ကြည့်မိသွားရသလို Jungkookကလည်း ထိုသို့အသံထွက်မည်မထင်သဖြင့် အနည်းငယ်ပျာသွားပုံရသည်။ သူ့၏ဖုန်းသူပြန်သိမ်းကာ ထရပ်လာသည်။

Royal: Omega's Love Story (Complete)Where stories live. Discover now