unicode
" မင်းသားလေး!.. ဗိုလ်ချုပ်သားက ရောက်လာ... မင်းသားလေးရော..."
Shiheeသည် မင်းသားလေး၏အိပ်ခန်းထဲ တံခါးခေါက်ကာ အချက်ပြုပြီး သတင်းပို့ရန်အတွက် ပျာပျာယာယာဝင်လာပြီးမှ အဝတ်ဗီဒိုထဲခေါင်းစိုက်နေသည့်Minjiကိုသာတွေ့လိုက်ရသည်။
" ရေချိုးနေတယ်... အစောလေးကမှ ရေချိုးခန်းထဲဝင်သွားတာ..."
" ဗိုလ်ချုပ်သား ရောက်နေတယ်.. မင်းသားလေးကို.. သူ့အမေထည့်ပေးလိုက်တဲ့မုန့်တစ်ချို့ လာပေးတာတဲ့...."
" ဟင်?.. အခုမှပြန်ရောက်တယ်ပြောတာမဟုတ်ဘူးလား.. ဘာလို့ ချက်ခြင်းကြီးလဲ..."
" မသိဘူး.. ဧည့်ခန်းမှာအခုစောင့်နေတယ်.."
" မင်းသားလေးက ရေချိုးရင် အချိန်နည်းနည်းကြာတတ်တာ.. တံခါးခေါက်ပြီး အသိပေးလိုက်...."
Minji၏အပြောကြောင့် Shinheeမှာ ခေါင်းညိတ်လိုက်ပြီး ရေချိုးခန်းရှိရာဆီ ခပ်သုတ်သုတ်သွားကာ ရေချိုးတံခါးကိုခေါက်၍အချက်ပြုလိုက်ရသည်။
" ဒေါက်..ဒေါက်..ဒေါက်...."
ထိုအချိန်တွင် မင်းသားငယ်လေးမှာ ရေပန်းအောက်တွင်ရပ်လျက် ခေါင်းပါလျှော်နေခဲ့တာဖြစ်၏။ ပုံမှန်လိုဆိုလျှင် Minjiနှင့် Shinheeက မင်းသားလေးကိုခေါင်းလျှော်နှိပ်နှယ်ပေးနေကျဆိုသော်လည်း ယခုတွင်တော့ အလျှင်လိုချိန်ဖြစ်နေ၍ မင်းသားငယ်လေးက ရေကိုတောင် ဒရောသောပါးချိုးနေရသည်။
" မင်းသားလေး!... မင်းသားလေး!..."
ကျယ်ဝန်းသည့်ရေချိုးခန်းအတွင်း ရေကျသံနှင့်အတူ တံခါးခေါက်သံခပ်အုပ်အုပ်ထွက်ပေါ်လျက် Taehyungကိုခေါ်ဆိုနေဟန်မို့ Taehyungမှာ သေချာမကြားရ၍ ရေပန်းလေးလှမ်းပိတ်လိုက်ရသည်။
" အော... ဘာလဲ...."
" ဟို.. ဗိုလ်ချုပ်သားက မင်းသားလေးကိုတွေ့ဖို့အတွက် အဆောင်ကိုရောက်နေပါတယ်..."
" ဘာ!!..."
Taehyungသည် လုံးဝမထင်မှတ်ထားသည့်စကားကြောင့် သြရှရှအသံလေးပင် မိုင်ကုန်အော်မိသွားရသည်။
" အဲ့ဒါ... ဧည့်ခန်းထဲမှာ စောင့်ခိုင်းထားပါတယ်..."
Shinhee၏စကားကို Taehyungမှာ အံ့သြမှင်သက်မှုကြောင့် နှစ်စက္ကန့်မျှငြိမ်သက်သွားပြီးမှ လှုပ်လှုပ်ရှားရှားပြန်ဖြစ်လာသည်။