Part (9)

5.7K 899 44
                                    

unicode

အိပ်ရာထဲက စောင်ပုံထဲ၌ ခေါင်းမဖော်တမ်းပုန်းခိုနေပါသည့် တော်ဝင်မင်းသားငယ်လေး။ သူသည် ရှက်လွန်း၍ မိမိ၏အခန်းထဲ၌တောင် မျက်နှာမဖော်ရဲဘဲ ပုန်းခိုနေမိသည်မှာ Jungkook၏အဆောင်ကနေပြန်ရောက်သည့်အချိန်တည်းကပင်။

ရှက်လိုက်တာ... ရှက်လိုက်တာ...။
တစ်ကျောင်းလုံးအရှေ့မှာ အငြင်းခံရပြီး တိုင်းသိပြည်သိ သူအငြင်းခံရသည့်အကြောင်းကိုသိတုန်းကတောင် ဤမျှထိ အရှက်မရမိဘူးထင်သည်။

အခုတော့ဖြင့်...

အား!.. သေသာသေလိုက်ချင်တယ်..။ crushရဲ့အရှေ့မှာမှ အိမ်သာတက်ချင်ပြီး အရှက်တကွဲအကျိုးနည်းနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတယ်လို့!

ထိုညတစ်ညတာလုံး စောင်ပုံထဲတွင်အရှက်ကွဲမှုများကို လူးလိမ့်ရင်းအော်ဟစ်ဖြေဖျောက်ခဲ့ရသည့်မင်းသားငယ်လေးမှာ အိပ်ရေးပျက်ခဲ့ကာ မည်သည့်အချိန်မှအိပ်ပျော်သွားသည်မသိ။

နောက်တစ်နေ့မနက်၌ Taehyungသည် ကျောင်းသွားရန်အတွက် Minjiထုတ်ပေးထားသည့်အဝတ်အစားကို ဝတ်ဆင်နေရပြီး မျက်နှာလှလှလေးကတော့ သောကကြောင့် အိပ်မပျော်သည်နှင့်ချောင်ကျချင်နေသည်။

" ငါ... ကျောင်းထပ်ပျက်လိုက်ရမလား... တစ်ရက်ထဲပဲလေ..."

" မရပါဘူး.. မင်းသားလေး... ဒီနေ့တော့ ကျောင်းသွားမှရပါတော့မယ်...."

Taehyung၏ကျောင်းပျက်ချိန်က တစ်ပတ်ကျော်ပြီဖြစ်၍ ကျောင်းထပ်ပျက်၍လည်းမရတော့ မျက်နှာလေးမှာငိုမဲ့မဲ့လေးဖြစ်သွားသည်။ သူ Jeon Jungkookနှင့် မျက်နှာချင်းမဆိုင်ရဲဘူး။

ဟုတ်သားပဲ..။ သူနဲ့Jungkookက မေဂျာမတူ၍ ကျောင်းမှာထိပ်တိုက်ဆုံစရာအကြောင်းမှမရှိတာ..။ Jungkookက သူ့အရှက်ကွဲမှုကိုမေ့လောက်သည့်အချိန်မှ Jungkookအရှေ့ပြန်ပေါ်ပြီး အဲ့မတိုင်ခင်တော့ Jungkookကို ရှောင်ရမည်။

ထိုအတွေးနှင့်အတူ Taehyungသည် ခေါင်းတဆတ်ဆတ် ညိတ်မိပြီး Shinheeက ကမ်းပေးလာသည့် ကျောပိုးအိတ်လေးကိုလွယ်လိုက်သည်။

တော်ဝင်မင်းသားလေး၏အဆောင်အ​ရှေ့၌ ကားယာဥ်တန်းများကစီတန်းနေကာ တော်ဝင်မင်းသားလေးလိုက်ပါစီးနင်းမည့်ကားအရှေ့တွင်တော့ သက်တော်စောင့် Suhoသည် အသင့်ရပ်၍စောင့်ဆိုင်းနေခဲ့သည်။

Royal: Omega's Love Story (Complete)Where stories live. Discover now