unicode
Taehyungသည် ခမည်းတော်၏စကားကြောင့် တအံ့တသြလေးဖြင့် နှင်းဆီဖူးရောင်နှုတ်ခမ်းသားလေးမှာ ပွင့်ဟသွားရသည်။ သူက ရှက်စိတ်တွေမွှန်ထူပြီး လုပ်ချင်ရာလျှောက်လုပ်ခဲ့သည်ဆိုပေမယ့် ခမည်းတော်က သူ့အတွက် Jeon Jungkookနှင့်စီစဥ်ပေးလိမ့်မည်လို့တော့ မထင်ထားပေ။
" ဖြစ်... ဖြစ်ပါ့မလား....."
မိမိကိုယ်ကိုယ် ယုံကြည်ချက်အမြဲရှိနေတတ်သည့် တော်ဝင်မင်းသားလေးမှာ အချစ်ရေးနှင့်ပတ်သက်လျှင်တော့ ယုံကြည်ချက်လေးမှာသေးသေးလေးတောင်မရှိနေတော့ဘဲ အသံလေးတိမ်ဝင်သွားရသည်။
" သားငယ်လေးက... သူ့ကို သဘောကျတယ်မဟုတ်ဘူးလား...."
Taehyungက Jeon Jungkookကို အရမ်းသဘောကျတာပေါ့..။ အချစ်ဆိုတာကို စိတ်ဝင်စားတတ်တဲ့ မြီးကောင်ပေါက်အရွယ်တည်းက Jeon Jungkookကို စတင်တွေ့ခဲ့ရပြီး Jeon Jungkookနှင့်ပတ်သက်သည့် စိတ်ကူးယဥ်ခဲ့ရသည့်အချစ်ဇာတ်လမ်းတွေလည်း အများကြီးရှိသည်။ Taehyungရဲ့ဘဝမှာ Jeon Jungkookကိုပဲ ထာဝရလက်တွဲသွားမည်ဆိုတဲ့ တစ်ဖတ်သက် စီမံကိန်းတွေလည်းချဖူးသည်။
" ဒါ..ပေမယ့်... သူက သားတော်ကိုမှ သဘောမကျတာ...."
အရှင်ဘုရင်က သူ့သားငယ်လေး၏စိတ်အားငယ်သလိုစကားကြောင့် သက်ပြင်းဖွဖွချသလို မိဖုရားကလည်း သားငယ်လေး၏ဆံနွယ်လေးကို လာရောက်ပွတ်သပ်ပေးလျက် အနောက်ကနေချစ်စနိုးဟန်ဖြင့် ထွေးပွေ့နှစ်သိမ့်သည်။
" မယ်တော်.. တစ်ခုပြောပြရမလား... မယ်တော်လည်း... သားရဲ့ခမည်းတော်နဲ့လက်ဆက်ခဲ့ရတုန်းက ချစ်ကြိုက်လို့မဟုတ်ဘဲ မိဘတွေရဲ့သဘောတူညီမှုကြောင့် လက်ဆက်ခဲ့ရတာ... အစတုန်းကတော့ ကိုယ့်ရဲ့Mateအဖြစ် သတ်မှတ်နိုင်ပါ့မလား... ချစ်ရောချစ်နိုင်ပါ့မလား... အတွေးတွေအများကြီး ဝင်ခဲ့ပေမယ့်... မယ်တော်တို့... တစ်ယောက်အကြောင်းတစ်ယောက်သိလာ... ရင်းနှီးလာတာနဲ့အမျှ အချစ်ဆိုတာ ပေါက်ဖွားလာခဲ့တယ်.... သားငယ်ရဲ့အကြောင်းကို အဲ့ကလေးက မသိသေးလို့ပါ... သူသာ သားငယ်နဲ့အချိန်ပေးရင်းနှီးခဲ့မယ်ဆိုရင် သူက သားငယ်လေးကို ချစ်လာလိမ့်မယ်လို့ မယ်တော် အကြွင်းမဲ့ယုံတယ်...."