unicode
Taehyungသည် Jungkook၏အနမ်းများကို တတ်သလောက်မှတ်သလောက်တုံ့ပြန်ရင်း Jungkookဘက်ကနေ လွှတ်မြောက်ခွင့်ပေးမှပင် အောက်ဆီဂျင်ကို အလုအယက်ရှုလိုက်ရသည်။
အရုပ်ဝတ်စုံနှင့် ချွေးတွေချွဲနေသည့်ကြားထဲ မူးမေ့မတတ် အနမ်းခံလိုက်ရမှုကြောင့် တော်ဝင်မင်းသားငယ်လေးမှာ ပျော့ခွေသွားဟန်ရှိသည်။ ထိုင်ခုံ၏နောက်ကျောထက်တွင် ခပ်လျောလျောပင်မှီကျသွား၏။
Jungkookကတော့ တော်ဝင်မင်းသားလေးကို မတတ်သာလို့သာ အလွတ်ပေးလိုက်သည်ဖြစ်ပြီး ရောင့်ရဲခြင်းမရှိနိုင်သေးဘဲ မျက်နှာလှလှလေးထက် လက်လေးနှစ်ဖက်ဖြင့်အုပ်ကိုင်ရင်း ထိကပ်ရုံအနမ်းတွေဖြန့်ကျက်လိုက်သေးသည်။
မျက်နှာတပြင်လုံး တမွမွနှင့်အနမ်းခံနေရမှုကို မင်းသားငယ်လေးသည် မျက်စိလေးစုံမှိတ်၍ ငြိမ်သက်စွာခံယူသည်။
" ဘာလို့... ဒီလောက်ချစ်ဖို့ကောင်းရတာလဲ.. အရမ်းချစ်ဖို့ကောင်းလွန်းတယ်..."
" Tae Tae မောနေပြီ..."
" အင်း... အင်း... ကိုကိုက အမောပြေအောင် လုပ်ပေးမယ်..."
Jungkookသည် သူ့အိတ်ထဲကနေ အစောပိုင်းကမှဝယ်လာသည့် အအေးဘူးလေးကို Taehyung၏ပါးထက်ဖိကပ်ပေးလိုက်လျှင် Taehyungမှာ မျက်လုံးလေးဝိုင်းခနဲ..။
" ကိုကို.. အအေးဝယ်လာတာလား...."
" အင်း... သောက်တော့မလား... ဖောက်ပေးမယ်...."
ရေငတ်နေသည့်Taehyungမှာ ဝမ်းသာအားရ ခေါင်းတဆတ်ဆတ်ညိတ်လိုက်လျှင် Jungkookက လိုက်ချီးအရသာ အအေးဘူးကိုဖောက်ပေးလာသည်။
" ဖြည်းဖြည်းသောက်... သီးမယ်...."
Taehyungသည် အေးစိမ့်ချိုမြသည့်အဖျော်ရည်အရသာက ရင်ထဲစီးဝင်သွားမှပင် အမောလေးပြေလျော့သည်။ Jungkookက ချွေးစတို့နှင့်ကပ်ငြိနေသည့် Taehyung၏နဖူးစွန်းလေးကို သူ့လက်ကအင်္ကျီစဖြင့် ဖိသုတ်ပေးဟန်ပြုမှ Taehyungမှာ မိမိ၏အရုပ်ဝတ်စုံကြီးနှင့်အဖြစ်ကိုသတိရကာ ရှက်သွေးလေးမှာဖြန်းခနဲ..။
" Tae Taeအရမ်းကြည့်ရဆိုးနေလား... ချွေးတွေနဲ့ညစ်ပတ်နေတာကို... မထိနဲ့လေ... ကိုကို့ကိုပေသွားလိမ့်မယ်..."