unicode
" Minji... Jungkookရဲ့တစ်နေ့တာက ဘယ်လိုရှိလဲဆိုတာ စုံစမ်းပြီးသွားပြီလား..."
" ဟုတ်ကဲ့... မင်းသားလေး.. စုံစမ်းပြီးသွားပါပြီ..."
အိပ်ဆောင်အတွင်း၌ ညအိပ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် တော်ဝင်မင်းသားလေးသည် ဗိုလ်ချုပ်သားနှင့်တွေ့ဆုံပြီးသည့်ညနေပိုင်းတည်းက Minjiတို့ကို ဗိုလ်ချုပ်သား၏အဆောင်၌ တာဝန်ထမ်းဆောင်ကြသည့် နန်းတွင်းသူတွေထံကနေ ဗိုလ်ချုပ်သား၏သွားလာလှုပ်ရှားမှုပုံစံကို စုံစမ်းခိုင်းထား၍ သူမတို့မှာ ခဏတွင်းခြင်း လိုက်ပတ်စုံစမ်းမေးမြန်းရကာ အချက်အလက်စုံလင်သည့်အခါ မင်းသားလေးဆီ ပြန်လည်တင်ပြရန်အချိန်ရောက်လာပြီပဲဖြစ်သည်။
" ဗိုလ်ချုပ်ရဲ့သားက မနက် ၆ နာရီဆို အိပ်ရာကနေထပြီဖြစ်ပြီး အဆောင်ရှေ့ကနေ နန်းတွင်းညီလာခံခန်းမသွားရာ ပတ်လမ်းကို အပြေးလေ့ကျင့်ခန်းလုပ်လေ့ရှိပါတယ်... ပြီးရင်တော့ ရေချိုးသန့်စင် မနက်စာစားပြီး ကျောင်းသွားဖို့အတွက်ပြင်ဆင်ပါတယ်... ကျောင်းကနေပြန်ရောက်ချိန်ကတော့ အချိန်မှန်လေ့မရှိပါဘူးတဲ့.. ဝိတ်တက်မှာစိုးလို့ ညနေစာကို အသီးလောက်ပဲစားပြီး ညစာစားကျင့်မရှိပါဘူး... အဲ့နောက်ပိုင်းက အခန်းထဲမှာပဲအနားယူလို့ ဘာတွေလုပ်နေမှန်းတော့မသိတော့ဘူးတဲ့.. ရိုးရှင်းတာတော့ အတော်လေးရိုးရှင်းပါတယ်..."
" ရတယ်.. ရတယ်.. ဒီအချက်အလက်လောက်လည်း အသုံးဝင်တယ်... ဒါနဲ့.. မနက်၆နာရီထတာက အရမ်းစောလွန်းနေတယ်မဟုတ်ဘူးလား...."
" မင်းသားလေးနဲ့ယှဥ်ရင်တော့ စောလွန်းတာပေါ့..."
" အင်းအင်း... မင်းသားလေးက မနက်၈ခွဲတောင် လေးငါးဆယ်ခါနိုးရတာလေ..."
Minjiနှင့် Shinheeက ခေါင်းလေးတွေပြိုင်တူညိတ်လျက် အတိုင်အဖောက်ညီနေကြလျှင် Taehyung၏မျက်နှာလေးမှာ မချိုမချဥ် ဖြစ်သွားရသည်။ Taehyungက တခြားထက် အအိပ်နှင့်အစားကိုပိုမက်သည်။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ..။ Jungkookရဲ့စိတ်ဝင်စားမှုကိုရအောင်လုပ်ဖို့အတွက် ရင်းသင့်တာရင်းရမှာပေါ့...။
" အခုကစပြီး.. ငါ့ကို ငါးခွဲလောက်နိုး..."
" အယ်... အဲ့အချိန် ထနိုင်တာ သေချာလို့လား...."