Part (32)

6.2K 885 119
                                    

unicode

" ကြိုဆိုပါတယ်နော်.. သားလေး... ကိုယ့်အိမ်ကိုယ်ယာလိုပဲ သက်သောင့်သက်သာနေ... တစ်ခုခုလိုတာရှိရင် အမေ့ကိုတန်းပြော..."

" ဟုတ်ကဲ့..."

" ဘာမှအားနာစရာမလိုဘူးနော်... မင်းသားလေး...."

" အာ... ဗိုလ်ချုပ်ကလည်း ကျွန်တော့်ကို ပေါ့ပေါ့ပါးပါးပဲ ပြောဆိုသုံးနှုန်းပါ... ဟီး.."

" ဒီအသုံးအနှုန်းကလည်း ပေါ့ပါးပါတယ်ဗျာ... တော်ဝင်မင်းသားလေးက တိုင်းပြည်ရဲ့မင်းသားလေးဖြစ်ရုံမက ဒီဗိုလ်ချုပ်တို့အိမ်မှာလည်း မင်းသားလေးတစ်ပါးပါပဲ...."

ဗိုလ်ချုပ်တို့အိမ်သို့ရောက်သည့်အခါ အလုပ်နားသည့်ဗိုလ်ချုပ်သည် သူတို့၏အနာဂတ်သမက်လေးဖြစ်လာမည့် တော်ဝင်မင်းသားငယ်လေးကို သူ့၏ဇနီးဖြစ်သူနှင့်အတူ အသင့်စောင့်ကြိုနေသည်။

Jungkookသည် မင်းသားငယ်လေး၏အထုပ်အပိုးကို ကိုယ်တိုင်ချကူနေရင်းမှ သူ့မိဘတွေအနား စကားဖောင်ဖွဲ့နေသည့်ချစ်စဖွယ်Omegaလေးကို သဘောတကျလှမ်းကြည့်သည်။

" မင်းသားလေးအတွက် အခန်းကို အောက်ထပ်မှာပဲ ပြင်ပေးထားတယ်... ဒုတိယထပ်မှာက Jungkookရဲ့အခန်းရှိတော့ မသင့်တော်မှာစိုးလို့ပါ..."

" ဟုတ်.. ကျွန်တော်က ဘယ်လိုဖြစ်ဖြစ် အဆင်ပြေပါတယ်..."

" ဒါဆို.. အေးဆေးနေနော်.... ပြီးမှ စကားပြောကြတာပေါ့..."

" ဟုတ်ကဲ့...."

လူကြီးနှစ်ယောက်သည် မင်းသားငယ်လေးအနေကြပ်မည်စိုး၍ မင်းသားငယ်လေးနေရမည့်အခန်းကို လိုက်လံပြသပြီးသည်နှင့် ရှောင်ထွက်ပေးသွားကြသည်။

အသစ်ထည့်ထားဟန်တူသည့် ပရိဘောဂပစ္စည်းများ၊ ပန်းနုရောင်အိပ်ရာခင်းများ၊ လိုက်ကာစများ၊ ကြွေရောင်မှန်တင်ခုံတို့မှာ ​ချစ်စဖွယ်အပြင်အဆင်များဖြစ်၍ မင်းသားငယ်လေးမှာ သဘောတကျအခန်းထဲကို ဝေ့ဝဲကြည့်ရင်းပျော်မြူးနေသည်။

အလုပ်သမားတွေက မင်းသားငယ်လေး၏အထုပ်အပိုးကို အခန်းထဲပို့ဆောင်ပေးပြီး ဦးညွှတ်နှုတ်ဆက်လျက် ပြန်လည်ထွက်ခွာသွားသည့်အခါ အခန်းထဲတွင် မင်းသားငယ်လေးနှင့် Jungkookသာ ကျန်ရစ်သည်။

Royal: Omega's Love Story (Complete)Where stories live. Discover now