Part (21)

7.4K 999 141
                                    

unicode

Taehyungသည် စိတ်ရှိလက်ရှိ ပျော်ရွှင်ပြီးသွားမှ သူ့ဘေးတွင် Jungkookပါမလာမှန်း သတိပြုမိသွားကာ ထိုအခါမှ သူဟာ စိတ်ကူးတွေအမှန်တကယ်လက်တွေ့ဆန်သွားခဲ့သည့် သူ့အဖြစ်ကို သဘောပေါက်လိုက်သည်။

သူ Jungkookကို ဝေ့ဝဲရှာမိလိုက်သည့်အခါ အနောက်တွင်ကျန်ရစ်ခဲ့သော Jungkookက သူရှိသည့်ပန်းဉယျာဥ်ထဲ လိုက်လံ၍လျှောက်လမ်းလာသည်ကိုတွေ့လိုက်ကာ ရှက်ရှက်နှင့်ပင် ရယ်ပြလိုက်ရသည်။

" ဒီပန်းဉယျာဥ်ထဲ မရောက်ဖြစ်တာ ကြာသွားလို့လေ...ဟားဟား...."

နှစ်နှစ်ကျော်အတွင်း သိပ်ပြောင်းလဲသွားခြင်းမရှိသည့် ပန်းဉယျာဥ်ဟာ Taehyungတစ်ယောက် Jungkookကိုစတင်တွေ့ရှိခဲ့သည့်နေ့ရက်တုန်းကအတိုင်း တစ်ထပ်ထဲ..။

မတူညီသည်ကတော့ သူက Jungkookဘေးတွင် ရပ်ခွင့်ရှိနေပြီး Jungkook၏pheromoneအနံ့ဖျော့ဖျော့လေးကို လွတ်လပ်စွာ ရှုရှိုက်ခွင့်ရနေခြင်းဖြစ်သည်။

" ငါက... ဒီနားမှာ စာအုပ်ခိုးဖတ်နေခဲ့တာ... မင်းကတော့... အဲ့လျှောက်လမ်းနားမှာ ရပ်နေတာ...."

နေရာတွေပင် မသွေမတိမ်းညွှန်ပြကာ တက်တက်ကြွကြွ ပြောပြနေသည့်မင်းသားငယ်လေးကြောင့် Jungkookမှာ ပြုံးရိပ်ယောင်သန်းနေသည့်နှုတ်ခမ်းသားနှင့်အတူ ခေါင်းညိတ်ပြလိုက်သည်။

Jungkookက အဖေ နန်းတော်ကိုလာရသည့်အရေးကြီးကိစ္စရှိသည့်နေ့မျိုးတွင် အဖေနှင့်အတူ နန်းတော်ကို ခဏဆိုသလိုရောက်ခဲ့ဖူးသည်။ သို့ပေမယ့် မင်းသားငယ်လေးကိုတော့တစ်ခါမျှမဆုံဖူး..။

" မင်းပြောတဲ့... လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကအချိန်ကိုတော့ မမှတ်မိတော့ဘူး... နှမြောဖို့အကောင်းသား... မင်းရဲ့ကလေးဘဝပုံစံလေးကို တကယ်တွေ့ဖူးချင်ခဲ့တာကို.... ဒါနဲ့... ငါက တကယ် ချစ်ဖို့ကောင်းခဲ့တာလား...."

ထပ်မံကြားချင်နေသေးသည့်မင်းသားငယ်လေးမှာ မဝံ့မရဲ Jungkookကိုအမေးထုတ်လာသည့်အခါ Jungkookသည် မင်းသားငယ်လေး၏ငယ်ဘဝပုံရိပ်လေးကို တစ်ဖန်ပြန်မြင်ယောင်လာလျက် သဘောတကျ နှုတ်ခမ်းသားတို့ကိုင်းညွှတ်သွားရင်း ခေါင်းညိတ်အဖြေပေးလိုက်သည်။

Royal: Omega's Love Story (Complete)Where stories live. Discover now