unicode
" ငါ့ကို အလှဆုံးဝတ်စုံထုတ်ပေး... Minji..."
" မင်းသားလေးမှာရှိတဲ့ အဝတ်အစားတိုင်းက အလှဆုံးတွေချည်းပါပဲ..."
" အဲ့ဒါလည်း ဟုတ်တာပဲ..."
မနက်ခင်းအပြေးလေ့ကျင့်ခန်းကနေ ပြန်ရောက်လာသည့်မင်းသားလေးက စိတ်အတော်ရွှင်နေပုံရကာ ပြုံးရိပ်ယောင်သန်းနေသည့်မျက်နှာလှလှလေးက လေလေးလည်းတချွန်ချွန်..။
" ပင်လယ်ကိုပဲ... သွားကြတာပေါ့တဲ့... ခိခိ.... အဲ့ဒါက... လုံးဝကို စိတ်ကူးယဥ်ဆန်တယ်မဟုတ်ဘူးလား.... "
" ရှင်?...."
ကိုယ့်အတွေးနဲ့ကိုယ် ပျော်မြူးနေသောမင်းသားငယ်လေးသည် အဆက်အစပ်မရှိသည့် စကားလုံးတွေလည်း ထထပြောနေသည်မို့ လိုက်မမှီတော့သည့် Minjiနှင့်Shinheeမှာ အချင်းချင်းအကြည့်ဖလှယ်ရင်း ခေါင်းယမ်းပြမိလိုက်ကြသည်။
" အစောကြီး ထဖြစ်တော့... အချိန်တွေပိုနေတာပဲ... မနက်ခင်းကို ခမည်းတော်တို့ဆီ အခစားမဝင်ရတာတောင်ကြာပြီ.. ခမည်းတော်တို့ဆီသွားမှပဲ..."
" လမ်းလျှောက်ပဲသွားမှာလား... Suhoကိုပို့ပေးဖို့လှမ်းခေါ်လိုက်ရမလား.. မင်းသားလေး...."
Shinhee၏အပြောကြောင့် Taehyungမှာ လေ့ကျင့်ခန်းလုပ်စမရှိဘဲလုပ်ထားသည်ကြောင့် ပေါင်ကြောမှာတောင့်တင်းနေသည့်ဝေဒနါက ပြန်ထလာသလိုပင်။
" Suhoကိုပဲခေါ်လိုက်... အဲ့ကနေတဆင့်..ကျောင်းပဲတန်းသွားကြတာပေါ့...."
" ဟုတ်ကဲ့... မင်းသားလေး...."
" အင်း... ဟန်းနီးမွန်းထွက်လို့ကောင်းတဲ့ ပင်လယ်က ဘယ်မှာရှိသေးလဲမသိဘူး... အာ... googleမှာရှာကြည့်ရင် ရတာပဲ.. ဒါနဲ့ ခမည်းတော်က ပြည်တွင်းပဲလွတ်မယ်ထင်တယ်.. ပြည်ပကို စိတ်မချလို့မလွှတ်လောက်ဘူး... "
မိမိကိုယ်ကိုယ်ရေရွတ်၍ ဖုန်းဖွင့်ကာ googleခေါက်အလုပ်ရှုပ်နေပါသော မင်းသားလေးက ချစ်စဖွယ်ကောင်းနေ၍ Shinheeတို့မှာ အချင်းချင်းမျက်စရင်း ပြုံးရယ်ရုံသာတတ်နိုင်တော့သည်။ ကြည့်ရတာ မင်းသားငယ်လေးက ဗိုလ်ချုပ်သားနှင့် ဆက်ဆံရေးကောင်းလေးတွေလုပ်နိုင်ခဲ့သည်ထင်ပါရဲ့။