unicode
ဘုရင့်နန်းဆောင်ဆီသို့ သွားသည့်လမ်းတောက်လျှောက်၌ တော်ဝင်မင်းသားငယ်လေးသည် ခေါင်းတောင်မဖော်ရဲတော့ပေ။ အိမ်ပေါ်စီးအမွှေးပွဖိနပ်ကို shoesလှလှလေးနှင့် လဲစီးခဲ့ပြီးပြီဆိုသော်လည်း အရှက်ကွဲခဲ့သည့်အခြေအနေကြောင့် မျက်နှာကတော့ ပူရှိန်းရှိန်းဖြစ်နေတုန်း။
Jungkookကတော့ မင်းသားငယ်လေး၏ခံစားချက်ကို ဂရုပြုပုံမရဘဲ အေးအေးလူလူပုံရိပ်နှင့်သာ နန်းတော်၏ကွန်ကရစ်လမ်းထက်တွင် မင်းသားလေးနှင့်အတူ လျှောက်လမ်းနေခဲ့သည်။
မင်းသားလေး၏အခြွေအရံနှစ်ဦးမှာတော့ လိုက်မပါလာဘဲ မင်းသားလေး၏နန်းဆောင်တွင်သာကျန်ရစ်ခဲ့သည်။
ဘုရင့်နန်းဆောင်သို့ရောက်ရန် ရေကန်ပေါ်ဖြတ်၍ဆောက်လုပ်ထားသည့် လူကူးလမ်းတံတားလေးကနေ ဖြတ်လျှောက်ရသည်။ ကားယာဥ်တွေသွားနိုင်သည့်ပတ်လမ်းရှိပေမယ့် ထိုလမ်းကြောင်းက ဝေးလံ၍ လမ်းလျှောက်သည်ဆိုလျှင် တံတားရှိသည့်ဖြတ်လမ်းကိုသာအသုံးပြုကြသည်။
မင်းသားငယ်လေးမွေးပြီဆိုတည်းက ပြန်လည်ပွင့်ဖူးနေခဲ့သည့် ကြာပန်းတွေက ရေကန်ထဲတွင် ဟိုတစ်ပွင့်သည်တစ်ပွင့်ဖြင့် လက်ညိုးထိုးမလွှဲဘဲ လှပစွာဖူးပွင့်နေကြသည်။ ညနေမှောင်ရီပျိုးစအချိန်ဖြစ်၍ လမ်းတစ်လျှောက်ထိန်ထိန်ညီးနေသည့် မီးအရောင်တွေမှာ ပတ်ဝန်းကျင်ကိုထင်းလင်းစွာအလင်းပေးနေ၏။
တံတားပေါ်သို့ ဖြတ်လျှောက်သည့်အခါ Jungkook၏အကြည့်တို့က ရေကန်ထဲက ကြာပန်းတွေဆီရောက်သွားသည်။ သူ့နှာဝတွင်လည်း ကြာပန်းရနံ့တို့က ပို၍လှိုင်သင်းလာသလိုပင်။ မင်းသားငယ်လေးဆီကနေလည်း ကြာပန်းရနံ့ဖျော့ဖျော့ရပေမယ့် အနံ့ပျောက်ပလာစတာကပ်ထား၍ သေချာရနံ့ကိုမသိ။ ရေကန်ထဲကကြာပန်းတွေ၏ရနံ့ကတော့ မွှေးပျံ့လွန်းသည်။
" ကြာပန်းတွေလေ... လှတယ်မလား..."
Taehyungသည် အရှက်ကွဲထားမှုကြောင့် Jungkookကိုမလုံမလဲခိုးခိုးကြည့်နေရာမှ Jungkookက ရေကန်ထဲက ကြာပန်းတွေကိုစိတ်ဝင်စားနေပုံအား အရိပ်ဖမ်းမိလိုက်သည့်အခါ မျက်ဝန်းလေးအရောင်လဲ့သွားလျက် မိမိဘက်ကနေ စကားစလိုက်သည်။