Part (18)

7.3K 963 285
                                    

unicode

တော်ဝင်မင်းသားငယ်လေးသည် သူယူဆောင်လာသောJungkook၏အဝတ်ကို ကျစ်ကျစ်ပါအောင်ပိုက်လျက် နောက်လှည့်မကြည့်တမ်း မိမိအဆောင်ဆီ အပြေးအလွှားပြန်ခဲ့သည်မှာ ဇောချွေးတောင်စို့သည်။

Minjiနှင့် Shinheeမှာ မင်းသားလေးမရှိ၍ အနားယူရန်ကြံနေရာမှ ရုတ်တရက်ကြီး ပြန်ရောက်ချလာသောမင်းသားလေးကြောင့် တအံ့တသြဖြင့် အမေးစကားတောင်မဆိုလိုက်နိုင်ခင် မင်းသားငယ်လေး၏အရိပ်ကိုသာ ဖြတ်ခနဲတွေ့မြင်လိုက်ရကာ မင်းသားငယ်လေးဟာ လျှင်မြန်လှသည့်အရှိန်နှုန်းဖြင့် သူ့အခန်းတွင်းဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

" ဒုန်း!..."

တံခါးပိတ်သံသာ ပျံ့လွှင့်ကျန်ခဲ့သည့်အဆောင်တွင်း Minjiနှင့်Shinheeသည် အချင်းချင်းကြည့်မိသွားကြသည်။

" မဟုတ်မှ... မင်းသားလေးက.. Heatဝင်သွားလို့ပြန်လာတာလား..."

Minjiသည်ပြောမိသွားပြီးမှ ​ငြိမ်ငြိမ်မနေနိုင်တော့ဘဲ နှစ်ယောက်သားသည် မင်းသားလေး၏အခန်းတံခါးကိုသွားခေါက်ရသည်။

" ဒေါက်.. ဒေါက်...."

" အဆင်ပြေရဲ့လား... မင်းသားလေး.. ဘာလုပ်ပေးရမလဲ.. Heatကာလအတွက် ပြင်ဆင်ပေးရတော့မလား..."

" ရ..ရတယ်.. ငါဘာမှမဖြစ်ဘူး... သွားနားကြ.."

Taehyungသည် အခန်းတံခါးကိုလော့ခ်ချပြီးမှ စိတ်အေးလက်အေး အမောဖြေနိုင်သည်။ မိမိလက်ထဲတွင် Jungkookကိုမပေးခဲ့ရသည့်ဆေးထုပ်လည်းပြန်ပါလာ၍ ထိုဆေးထုပ်ကို စားပွဲထက်ပစ်တင်လိုက်ကာ ကျန်လက်တစ်ဖက်နှင့်ပိုက်ထားဆဲဖြစ်သည့် အဝတ်ကိုတော့ဖြန့်မကြည့်ရဲသေးဘဲ မလုံမလဲစိတ်ကြောင့် ဘေးပတ်ပတ်လည်ကို ဝေ့ကြည့်ရသေးသည်။

အမယ်လေး... အဝတ်တစ်ထည်လေး ခိုးတာတောင် ဒီလိုထိတ်လန့်မသာဖြစ်နေတာ..။ ရာဇဝတ်မှုကြီးတွေကို ကျူးလွန်တဲ့သူတွေဆိုရင် ဘယ်လိုစိတ်ထားနဲ့ကျူးလွန်ကြသည်မသိ။

ဘာပဲဖြစ်ဖြစ် Jungkookရဲ့ကိုယ်ပိုင်ရနံ့လေးကပ်နေတဲ့ အဝတ်ကိုရလာပြီ.. အနံ့လေးကိုရှုကြည့်...။

မင်းသားငယ်လေး၏တပ်မက်မှုတို့ဖြင့် အရောင်လဲ့နေသည့်မျက်ဝန်းလှလှလေးမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသောလက်ထဲမှအဝတ်လေးကို ​တယုတယဖြန့်ကြည့်လိုက်သည့်အခါ ကြက်သေသေသွားရသည်။

Royal: Omega's Love Story (Complete)Where stories live. Discover now